Part~1 (U+Z)

46.6K 1.3K 16
                                    

Uni
---
လူတစ်ယောက်ကလူတစ်ယောက်ကို သဘောကျတယ် ဒါမှမဟုတ် ချစ်တယ် ဆိုတာဘယ်လိုမျိုးလဲ။အကြောင်းပြချက်ကဘာဖြစ်မလဲ။ကိုယ့်ကိုသဘောကျစေခဲ့တဲ့အကြောင်းအရာတွေမရှိတော့ရင်ရော ဆက်ပြီးသဘောကျနိုင်ပါဦးမလား။

ပုံမှန်ယောကျ်ားနဲ့မိန်းမကြားမှာ တစ်ယောက်နဲ့တစ်ယောက်သဘောကျတယ် ချစ်တယ်ဆိုတဲ့ခံစားချက်တွေကိုဘယ်သူကမှထူးဆန်းတယ်လို့ မတွေးပေမယ့်လည်း ယောကျ်ားတစ်ယောက်အတွက် အခြားယောကျ်ားတစ်ယောက်က အရာအားလုံးပေးဆပ်ရဲတဲ့အထိ သဘောကျနေတယ်ဆိုရင် ထူးဆန်းတယ်လို့သတ်မှတ်ကြမလား။
.............။

"ခေါင်ယုလျှံဆိုတဲ့ကောင်တော့ အခုဆို ဂျောင်မှာငိုနေလောက်ပြီ။"

Aအဆင့်လေ့ကျင့်ရေးသမားနှစ်ယောက်ကဖုန်းပေါ်တက်လာသော သတင်းတစ်ပုဒ်အားကြည့်ကာပြောနေသည်။

သူတို့နှစ်ယောက်ကDARKသင်တန်းရဲ့နောက်ဆုံးအဆင့်ထိ ကျန်ရစ်နေခဲ့သောAအဆင့်ရထူးချွန်သူထဲကဖြစ်သည်။

DARKဆိုတဲ့သင်တန်းကျောင်းက ဘက်စုံထူးချွန်တဲ့လူတွေဖြစ်အောင်သင်တန်းကျောင်းတစ်ခု ။စည်းကမ်းကြီးလွန်းပြီး လေ့ကျင့်ရေးတွေကလည်းခက်ခဲပင်ပန်းလွန်းတာကြောင့် လူ1000သင်တန်းတက်ရင်နောက်ဆုံးအဆင့်ကိုအောင်မြင်တာ10ယောက်သာရှိသည်။ A.B.C.D ဆိုပြီးအဆင့်လေးခုခွဲထားကာ Aအဆင့်က အမြင့်ဆုံးဖြစ်သည်။

ဒါကြောင့်ထိုသင်တန်းရဲ့နောက်ဆုံးအဆင့်အောင်မြင်ပြီးကြောင်းလက်မှတ်ရပါက ဘယ်နေရာမှာမဆိုအလုပ်အလွယ်တကူရနိုင်သည်။

"ပြောမယ့်သာပြောရတာ။ဒီကောင်က တော်တော်ကိုချောတာ။မျက်နှာလေးဆိုနုဖတ်နေတာဘဲ့။အခုလိုအခြေနေမျိုးမှာဆို ဘယ်သူဘာပဲလုပ်လုပ် သူဘာမှပြန်မတုံ့ပြန်နိုင်လောက်ဘူး"

"ဘာလဲ...မင်းကစိတ်ဝင်စားလို့လား"

ထိုလူရဲ့အမေးကြောင့်အခြားသင်တန်းသားမျက်နှာမှာ ရွံစရာအပြုံးကြီးပေါ်လာသည်။သူထင်တာက အခုလိုခေါင်ယုလျှံ အားနည်းနေတဲ့အချိန် သူသာသွားပြီးကူညီဖေးမလိုက်မယ်ဆိုရင် ခေါင်ယုလျှံ ဘဝကိုသူသေချာပေါက်လွမ်းမိုး နိုင်မှာပဲ။ပြီးတော့သူကAအဆင့်ရပြီးသားဆိုတော့ လွယ်လွယ်လေးနဲ့ရမယ်လို့သူထင်နေသည်။ Aအဆင့်ရပြီးသား သင်တန်းသားတစ်ယောက်ကို ဆန့်ကျင်ရဲတာ အပြင်လူတွေအတွက်တော့မတွေးရဲတဲ့ကိစ္စဖြစ်သည်။

သူမမြင်နိုင်သော(U+Z)( Completed )Donde viven las historias. Descúbrelo ahora