Uni
-------
ဒီလူတော့ ထရိုက်လိုက်သင့်လား။အခုထိလိမ်နေတုန်းပဲ။
''ခင်ဗျားဘာ စကားပြောတာလဲ။မဟုတ်တာတွေ လျှောက်ပြောနေရင် ကျွန်တော်ခင်ဗျားကို သတ်မှာနော်''
''မင်းမသတ်လည်း ငါ့ကိုလာသတ်တဲ့လူရှိတာပဲ။မင်းသတ်တော့ သက်သက်သာသာ သေရတာပေါ့ကွာ"
ထိုလူပြောနေပုံက လိမ်နေပုံတော့မရ။
''ဘယ်သူက သတ်မှာလဲ''
သူမေးတော့ ဦးသန်နီကသူ့မျက်နှာကို စေ့စေ့ကြည့်ကာ...
''ကောင်လေး။မင်းက ခေါင်ယုလျှံကို ယုံကြည်လွန်းနေတာကိုး။ငါပြောပြမယ် ခေါင်ယုလျှံဆိုတာ ဒီအသံတိတ်လမ်းပေါ်ကလူ''
''ခင်ဗျား...''
သူထပ်ပြောဖို့ပြင်လိုက်ပြီးမှ အသံတိတ်လမ်းပေါ်မှာခေါင်ယုလျှံပြောလိုက်တဲ့စကားကို သတိရလိုက်သည်။ဒီပတ်ဝန်းကျင်မှာနေခဲ့ဖူးသလို ပြောလိုက်တဲ့စကား။
''မင်းလည်းတွေ့ဖူးတယ်မဟုတ်လား။ခေါင်ယုလျှံရဲ့ မျက်လုံးတွေကိုလေ။ကြောက်ဖို့ကောင်းတယ်မဟုတ်လား။မင်းကိုလည်း အသုံးချပြီးရင် စွန့်ပစ်လိုက်မှာပဲ''
သူပြန်တွေးနေရာမှ ခေါင်းကိုခါလိုက်သည်။အဲဒီလူရဲ့စကားတွေကို သူမယုံခဲ့ပါ။အဲဒီတုန်းကသူဘယ်လိုပြန်တုံ့ပြန်ခဲ့လဲ။သူလာတာ အချိန်တွေကုန်တာပဲ အဖတ်တင်တယ်ဆိုပြီး ဂရုမစိုက်စွာပြောပြီး အိမ်ထဲကထွက်လာခဲ့တာ။လမ်းပေါ်မှာလည်း တစ်ချိန်လုံးစဉ်းစားနေတာက တကယ့်တရားခံကဘယ်သူလဲဆိုတာကို။ခေါင်ယုလျှံကို ဒီလောက်မုန်းတီးနေရလောက်အောင် ဘယ်သူကများလဲ။
ဒီထက်ပိုဆိုးတာက ခေါင်ယုလျှံက တကယ်ပဲ အသံတိတ်လမ်းပေါ်ကလူလား။မေးခွန်းတွေကိုခေါင်ယုလျှံ ကိုမေးလိုက်ရင်ရှင်းပြီဆိုတာ သိပေမယ့်လည်း မမေးရက်ပါ။
ခေါင်ယုက အပြင်ထွက်တိုင်း မေးခွန်းတွေအမေးခံရတဲ့လူ။သူကပါ ဒီလိုမျိုးသွားမေးရင် ခေါင်ယုလျှံ အတွက် အဆင်မပြေဖြစ်သွားနိုင်သည်။ခေါင်ယုလျှံကို အမှုစစ်သလိုမေးမြန်းရမှာမျိုး သူတကယ်မလုပ်နိုင်။
ВЫ ЧИТАЕТЕ
သူမမြင်နိုင်သော(U+Z)( Completed )
Короткий рассказvillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
