Uni
--------
မနေ့က ခေါင်ယုလျှံ သူ့ကိုပြောလိုက်သော စကားများ။
''မင်းကစေ့စပ်ပါတယ် ဘာလုပ်လုပ်တိကျတယ်လေ''
သူရကန်ရှင်းနားလည်သွားပြီ။
စေ့စပ်တယ်လို့ပြောလိုက်တာက တမင်အပြင်ကိုထွက်စေချင်တာကို သိစေချင်တဲ့သဘောဖြစ်သည်။တိကျတယ်ဆိုတာက ဘယ်သွားသွား သတိနဲ့သွားလာဖို့ပြောတာဖြစ်နိုင်သည်။မသေချာပေမယ့် ခေါင်ယုလျှံက သူဘယ်သွားလဲဆိုတာသိချင်တာများလားဆိုပြီး တွေးလိုက်မိသည်။
ဒါကြောင့် စထွက်ကတည်းက vedioရိုက်ထားခြင်းဖြစ်သည်။
သူအိမ်ပြန်ရောက်တာနဲ့ ခေါင်ယုလျှံကိုvedioပြထားပြီးသား။မရေရာတဲ့အတွေးနဲ့တောင် သူရကန်ရှင်းက ခေါင်ယုလျှံ သူ့ကိုအပြည့်ဝယုံကြည်တာကိုလိုချင်လို့ vedioကိုရိုက်ထားမိတာ။တော်သေးသည်။မဟုတ်ရင် သူကြိုးစားခဲ့သမျှက သဲထဲရေသွန်ဖြစ်တော့မလို့။
''ဆေးထည့်လိုက်ဦး''
''သြော်....အင်း''
ခေါင်ယုလျှံ စကားကြောင့် အတွေးပြတ်ကာ သူရကန်ရှင်း ယောင်နန ဖြေမိသည်။
''မင်းကို ထိခိုက်နိုင်တယ်..ရှင်း။''
ခေါင်ယုလျှံ ပြောလိုက်တော့သူရကန်ရှင်းက နားမလည်ဟန်ဖြင့်ပြန်မေးလာသည်။
''ဘာကိုလဲ''
''ဒီပြဿနာတွေကမင်းကိုထိခိုက်စေနိုင်တယ်။အဲဒါတောင် ဆက်ပြီး ငါ့အနားမှာနေချင်တာလား..''
ခေါင်ယုလျှံက သူရကန်ရှင်းကို စူးစိုက်ကြည့်ကာမေးလိုက်တော့ သူရကန်ရှင်းကပြုံးပြကာ...
''ငါမင်းကိုတာဝန်ယူစောင့်ရှောက်ဖို့...ဆုံးဖြတ်လိုက်ကတည်းကအဲဒါတွေကိုကြိုတွေးထားပြီးသားပါ။''
ခေါင်ယုလျှံက သူရကန်ရှင်းနားကို ပိုတိုးလာပြီး သူရကန်ရှင်း မျက်နှာနဲ့နှစ်လက်မလောက်သာ ဝေးတဲ့နေရာမှာ ရပ်လိုက်သည်။
ပြီးတော့ သူရကန်ရှင်းမျက်လုံးထဲကိုစိုက်ကြည့်ကာ...
''မင်းမှာနောက်ဆုတ်ခွင့်မရှိတော့ဘူး.....ရှင်း''
နောက်ဆုတ်ဖို့တဲ့လား။နောက်ဆုတ်လိုက်ဖို့ အဲလောက်လွယ်ကူရင် သူသင်တန်းမှာကတည်းက လက်လျှော့မှာပေါ့။လေ့ကျင့်ရေးတွေကြောင့် လက်လျှော့သွားတဲ့လူတွေများဒုနဲ့ဒေး။
ESTÁS LEYENDO
သူမမြင်နိုင်သော(U+Z)( Completed )
Historia Cortavillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
