Part~8 (Z+U)

6K 510 10
                                    

Uni
-------
လင်းနွေယံက မျက််နှာနဲ့မလိုက် သန်မာတဲ့လူတစ်ယောက်ဖြစ်သည်။

သူက ငယ်ငယ်ကတည်းက ပြေးလွှားနေရတဲ့လူ။ကိုယ်ခံအားရောသက်လုံရောက ပုံမှန်ကျန်းမာရေးကောင်းတဲ့လူထက် အများကြီးသာသည်။တော်ရုံနဲ့ သူမမောတတ်ပါ။

အခုလည်းပြေးရင်းနဲ့ သူ့ဘေးကလူကိုကြည့်လိုက်တော့ မောနေတဲ့ပုံ။သူလည်း အနီးနားမှာပုန်းစရာနေရာကိုပြေးရင်းနဲ့ရှာ လိုက်သည်။အခန်းတစ်ခုကို တွေ့တာနဲ့ သူလည်းအမြန်ဝင်ပုန်းလိုက်သည်။သူတို့နောက်လိုက်လာတဲ့လူတွေကတော့ မမြင်ဘဲကျော်သွားကြပြီ။

''ခင်ဗျား ဘာလို့ထွက်ပြေးလာရတာလဲ''

ထိုလူမှာ ပြန်မဖြေနိုင်တော်တော် မောနေသည့်ပုံ။

''ခေါင်ယုလျှံတို့ အထဲကိုဝင်ဖို့လမ်းကြောင်းလွဲတာ''

''ခုနက လူတွေက ''

''ပွဲကိုဖျက်မယ့်လူတွေ''

''ခင်ဗျားဘယ်လိုသိနေတာလဲ''

''ကျစ်! မေးခွန်းများလိုက်တာ''

''ခင်ဗျား''

''ငါတို့ပြန်ဝင်ရအောင်''

''ဘာလို့ပြန်ဝင်မှာလဲ''

''ပြဿနာက ဒီတစ်ခုထဲ မဟုတ်ဘူး''

လင်းနွေယံကမျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

''ဘာရှိသေးလို့လဲ''

''မင်းတို့ကလေးတွေကလေ လူကြီးကပြောလိုက်ရင် ပြောလိုက်သလိုမလုပ်ဘူး''

''ဘာ ပြောတယ်ခင်ဗျား''

လင်းနွေယံ ဒေါသအထွက်ဆုံးစကားပင်။သူ့ကိုကလေးလို့ပြောတာကို သူလုံးဝမကြိုက်။ဒီလူတော့ သူ့ကိုစတွေ့ကတည်းကဒေါသထွက်ခိုင်းနေ တော့တာပဲ။

''လာသွားမယ်''

''မလိုက်ဘူး''

သူ့ကိုလက်ဆွဲရန်ပြင်နေသော ထိုလူလက်ကိုရိုက်လိုက်သည်။

''မင်းလိုက်မှရမယ် လာစမ်းပါ''

''လိုက်မယ် ပြီးရင်ခင်ဗျားကျွန်တော်မေးတာအားလုံးဖြေပေးရမယ်''

''အင်း အင်း''

သူ့လက်ကိုဆွဲကာ အမြန်လျှောက်နေသော လင်းနွေယံကိုကြည့်ရင်း သူပြုံးလိုက်သည်။သိချင်တာသိရမယ်ဆိုရင်တော့ ဒီကလေးကသူ့ကိုပင် ပွဲခန်းထဲကို ဆွဲခေါ်လာသည်။
.............။

သူမမြင်နိုင်သော(U+Z)( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ