Part~25 (Z+U)

5.6K 430 30
                                        

Uni
——
ဦးလင်းရောင်ရှိန် နှင့် စွမ်းဒီပါရှိန်က ခေါင်ယုလျှံကိုပြောခဲ့တဲ့အတိုင်း ရဲစခန်းတွင်အပြစ်တွေအကုန် ဝန်ခံကာ အဖမ်းခံခဲ့ကြသည်။

တရားရုံးက အမိန့်ချပြီး ရက်အနည်းငယ်လောက်ကြာတော့ ထောင်ထဲတွင် ဦးလင်းရောင်ရှိန်က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်တွင် ဒီအမှုတွေအတွက် အပြစ်ခံယူခဲ့သည်တိုင် ပြည်သူတွေက ဒေါသထွက်နေကြတုန်းဖြစ်သည်။ဒါပေမယ့် ဦးလင်းရောင်ရှိန် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတော့ ဘယ်သူကမှ ဘာမှဆက်မပြောကြ။သေသွားပြီဆိုတော့လည်း သေသွားပြီလို့ပဲ သတ်မှတ်ခဲ့ကြသည်။

ဒါပေမယ့် ခေါင်ယုလျှံဘက်က လူတွေကတော့ ပို့စ်တွေတင်ကာ ခေါင်ယုလျှံကိုကာကွယ်ကြသည်။

"သတ်သေသွားတာ ခေါင်ယုလျှံနဲ့ပတ်သက်နေတယ်ဆိုပြီး သက်သေမရှိဘဲ ပေါက်ကရတွေပြောရဲပြောကြည့် ပါးကြီးပိတ်ရိုက်မှာနော်"

သို့သော် ဘယ်သူကမှ ခေါင်ယုလျှံကို အပြစ်မတင်ကြပါ။ခေါင်ယုလျှံဘက်က လူတွေကိုကြောက်လို့လည်းပါသလို ခေါင်ယုလျှံက အဲလိုတွေ မလုပ်လောက်ဘူးဆိုတာကို ယုံကြည်နေကြလို့လည်းပါသည်။

အရင်က မယုံခဲ့လို့ ခေါင်ယုလျှံ ခံစားခဲ့ရတာတွေအတွက် သူတို့လည်း အခုထိ စိတ်မကောင်းဖြစ်နေကြတုန်းလေ။
.........။

လင်းနွေယံ ထောင်ကျနေသော စွမ်းဒီပါရှိန်ကို ထောင်ဝင်စာ လာတွေ့နေသည်။ဦးလင်းရောင်ရှိန် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာကို စွမ်းဒီပါရှိန် မသိရသေးပါ။

စွမ်းဒီပါရှိန်ကို လင်းနွေယံက မျက်ရည်အဝိုင်းသားနဲ့ကြည့်လိုက်မိသည်။

ပျော်ခဲ့ရတဲ့နေ့တွေက ဒီလိုဝေးသွားဖို့အတွက်များလား။

"ကိုကို..."

လင်းနွေယံကို စွမ်းဒီပါရှိန် ပြုံးပြလိုက်သည်။

ဘယ်လောက်တောင် လွမ်းနေရလဲ ကိုယ်တိုင်သာသိသည်။နှစ်ယောက်လုံးက လွယ်လွယ်နီးစပ်ခဲ့တာမှ မဟုတ်တာလေ။အခုတော့ ပြန်ခွဲရပြန်တော့ ခံစားချက်က ဘယ်ကောင်းပါ့မလဲ။

သူမမြင်နိုင်သော(U+Z)( Completed )Donde viven las historias. Descúbrelo ahora