Uni
---------
သူရကန်ရှင်းကို ကုတင်ပေါ်မှာ ပြန်တင်ပေးပြီးကတည်းက ခေါင်ယုလျှံက စကားတစ်ခွန်းမှမပြောမိသေး။
စိတ်ပူနေခဲ့တာ။သူရကန်ရှင်းနဲ့ပတ်သက်ပြီး သူ့စိတ်ကဘယ်လိုမျိုးလဲ နားလည်အောင် သူမပြောတတ်ပါ။ဘယ်အရာကိုမှ မကြောက်တတ်တဲ့ ခေါင်ယုလျှံဆိုတဲ့ သူက ဒီကောင်လေးကိုတော့ တစ်ခုခုဖြစ်သွားမှာကြောက်တတ်နေခဲ့သည်။
သတိရလာပြီဆိုလို့ လာခဲ့ပေမယ့် မြင်လိုက်ရတာက အေးဆေးအနားယူနေတဲ့ လူနာမဟုတ်။နေမကောင်းသေးဘဲ လျှောက်ပြေးနေတဲ့လူကိုမြင်တော့ လန့်သွားခဲ့တာ။
အမြဲအနိုင်ယူချင်နေပေမယ့် အမြဲလည်းတစ်ခုခုဖြစ်သွားမှာစိုးရိမ်နေရသည်။သူရကန်ရှင်းနဲ့ပတ်သက်ပြီး သူ့ခံစားချက်တွေကို သူကိုယ်တိုင်လည်းနားမလည်တော့ပါ။အဲဒီခံစားချက်တွေက ရှုပ်ထွေးပြီး ခံစားရခက်လွန်းတယ်။
''ငါကမင်းမလာနိုင်လောက်ဘူးထင်ထားတာ''
''.....''
သူရကန်ရှင်း သူ့အနားလာပြီး မှုံကုပ်ကာထိုင်နေသော ခေါင်ယုလျှံကိုမနေနိုင်တော့လို့စကားစတော့လည်း ပြန်ဖြေမလာတာကြောင့် ခေါင်ယုလျှံ စိတ်ဆိုးနေမှန်းသိလိုက်သည်။
''ငါတောင်းပန်ပါတယ်။မင်းကို..သေချာမကာကွယ်နိုင်ခဲ့ဘူး''
''.....''
ပြန်ဖြေမလာသေး။အတိကျပြောရရင် ကြည့်ကိုမကြည့်လာသေး။မျက်နှာက ပိုတောင်ဆိုးသွားသည်။ဆေးရုံမှာနေရတာကြောင့် အဆင်မပြေလို့များလား။
''ခေါင်ယု...ဒီမှာအဆင်မပြေရင် အိမ်ပြန်သွားကြမယ်လေ''
''.....''
ဆက်တိုက်ပြောနေပေမယ့် ပြန်မပြောလာတော့
လူက ထပ်ပြောဖို့တောင်အားမရှိတော့။ငိုတောင်ငိုချင်လာသည်။
ဘာကို စိတ်ဆိုးလို့စိတ်ဆိုးနေမှန်းလည်းမသိ။သတိရလာတုန်းက မနာတဲ့ ခန္ဓာကိုယ်က အခုကျမှနေရာပေါင်းစုံက နာကျင်လာသလို။
''ခေါင်ယု ငါ့ကိုစိတ်ဆိုးနေရင်တောင် ဒီလိုမျိုးတော့မနေနဲ့လေ''
သွေးစက်တစ်ယောက် ခံစားချက်မရှိတဲ့မျက်နှာဖြင့် အရှေ့ကနှစ်ယောက်ကို ကြည့်လိုက်မိသည်။
ESTÁS LEYENDO
သူမမြင်နိုင်သော(U+Z)( Completed )
Historia Cortavillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
