Extra(2)(Z+U)

10.8K 576 71
                                        

Uni...

"ခေါင်ယု...မနက်ဖြန်လေ..."

သူရကန်ရှင်း ပါးစပ်ဟကာ ပြောဖို့ပြင်ရုံရှိသေး ခေါင်ယုလျှံက ဘာဆက်ပြောမလဲ သိနေတဲ့ပုံဖြင့်...

"မသွားဘူး..."

သူကပြောပြီးတာနဲ့ ခုံမှထထွက်သွားတော့သည်။

မနက်ဖြန် စွမ်းဒီပါရှိန် ပြန်လွတ်လာတာကို အတူသွားကြိုဖို့ပြောချင်တာကို....။ခေါင်ယုက အခုထိ ခွင့်မလွတ်နိုင်သေးဘူးထင်သည်။

ပုံမှန်ဆို ခေါင်ယုလျှံက သူရကန်ရှင်းပြောတာကို ဘာတစ်ခုကိုမှမငြင်းဆန်တတ်....။အခုတော့ စကားဆုံးအောင်တောင် နားမထောင်တော့ဘဲ ချက်ချင်းကို ရှောင်ထွက်သွားတော့တာ....။

"ခေါင်ယုလေး........ကိုကို..."

သူရကန်ရှင်းခေါ်လိုက်တော့ ခေါင်ယုလျှံက လှည့်မကြည့်လာပေမယ့်လည်း သူ့ခြေလှမ်းတွေကို ဆက်မလှမ်းတော့ပါ....။ကိုကိုဆိုတဲ့ခေါ်သံကို ဘယ်တုန်းကများ လွန်ဆန်နိုင်ခဲ့လို့လဲလေ...။

ဒါပေမယ့်လည်း ပထမတစ်ခါ သူ့ကိုလွန်ဆန်ပြီး စွမ်းဒီပါရှိန်တို့ကို ကာကွယ်ပေးခဲ့သော ရှင်းကြောင့် သူလုံးဝလက်ခံမည်မဟုတ်။အဲဒီတုန်းက ဘယ်လောက်တောင် ဒေါသထွက်ခဲ့ပြီး စိတ်တည်ငြိမ်အောင် ပြန်ထိန်းခဲ့ရလဲ သူသာသိသည်။

အခုလို သူများကို တွေးပေးနေတာမျိုး သူတကယ်မုန်းသည်။သူ့အတွေးထဲမှာ ရှင်းပဲရှိသလိုမျိုး ရှင်းအတွေးထဲမှာလည်း သူပဲရှိချင်တာ....။

သူရကန်ရှင်းက ခေါင်ယုလျှံ ရပ်သွားတာမြင်တော့ အနောက်ကနေလိုက်သွားကာ လက်ကိုလှမ်းဆွဲလိုက်ရင်း....

"ကျွန်တော့်ရဲ့သခင်လေး လှည့်ကြည့်ပါဦးဗျာ..."

သူရကန်ရှင်းရဲ့ သခင်လေးဆိုတဲ့ ခေါ်သံကြောင့် ခေါင်ယုလျှံ စိတ်တွေတင်းထားသမျှ အကုန်ပြေလျော့ကုန်သည်။

အမြဲလိုလို နာမည်အသစ်ဆန်းတွေနဲ့သူ့ကို ခေါ်နေသောရှင်းကြောင့် သူ့မှာ ကြားလိုက်ရတိုင်း စိတ်တွေနူးညံ့သွားရစမြဲ...။အချစ်သည် အရာရာကို ပြောင်းလဲနိုင်ပါ၏။

သူမမြင်နိုင်သော(U+Z)( Completed )Место, где живут истории. Откройте их для себя