Uni
------
ခေါင်ယုလျှံ သူရကန်ရှင်း ထွက်သွားသည်ကိုပြတင်းပေါက်မှကြည့်နေသည်။
သူရကန်ရှင်းဆိုတဲ့ကောင်လေးက သူ့ကိုစတွေ့တွေ့ချင်းမှာပဲ သူ့ကိုစိုက်ကြည့်နေတာ သတိထားမိသည်။ပြီးတော့သူ့ကိုဂရုစိုက်လွန်းတာကြောင့် အနေခက်လာရသည်အထိဖြစ်ခဲ့သည်။
ဒီကောင်လေးမျက်လုံးတွေက သူ့ကိုကြည့်နေချိန်ဆို အမြဲတောက်ပလွန်းနေတာကြောင့်gayများလားလို့ သူသံသယဝင်မိသည်။ဒါကြောင့် ညဘက်ကြီးသူရကန်ရှင်းအခန်းထဲဝင်အိပ်ကာ စမ်းသပ်ကြည့်ခဲ့သည်။မဟုတ်တာတစ်ခုခုလုပ်ရင် အလုပ်ထုတ်ပစ်ဖို့တွေးထားပြီးသား။ ခေါင်ယုလျှံကgayတွေကိုမုန်းတယ်လေ။
ဒါပေမယ့် သူရကန်ရှင်းက ဘာမှအခွင့်ရေးမယူဘဲ သူ့ကျန်းမာရေးကိုသာ စိတ်ပူနေပုံရတာကြောင့် သူ့သံသယတွေနည်းသွားသည်။ နည်းသွားရုံသာ။
ဒီတစ်ခေါက်က နောက်ဆုံးစမ်းသပ်ချက်ဖြစ်သည်။သူ့ကို ဘယ်လောက်သည်းခံနိုင်မလဲဆိုတာကို စမ်းသပ်ကြည့်ချင်သည်။ဒါပေမယ့် ဖြစ်လာတဲ့ ဒီအကျိုးဆက်ကိုလည်း သူသိပ်လက်မခံချင်။
သူရကန်ရှင်းက သူ့အပေါ်မှာနွေးထွေးလွန်းသည်။မှားမှားမှန်မှန် အမြဲတောင်းပန်ကာ သူပြောစရာမလိုအောင် သူ့အတွက်တွေးပေးတတ်လွန်းသည်။
ဒါကြောင့် သူရကန်ရှင်း တကယ်ထွက်သွားတာကို မလိုချင်ခဲ့ပါ။သူရကန်ရှင်းပြန်လာတာကို လိုချင်သည်။ခေါင်ယုလျှံရဲ့ မသိစိတ်မှာ သူရကန်ရှင်းကို အမြဲအနိုင်လိုချင်နေသည်။ဒီလိုထွက်သွားတာကို သူလုံးဝမကြိုက်ပါ။သူမှားတာဆိုရင်တောင်၊သူလွန်သွားခဲ့ရင်တောင် သူရကန်ရှင်းကတော့ပြန်လာရမယ်လေ။
သူရကန်ရှင်း အပြင်ထွက်သွားတာ အိမ်အတွက်လိုအပ်တာကို သွားဝယ်တာ ဆိုတာကို ခေါင်ယုလျှံမသိခဲ့ပါ။စိတ်ဆိုးပြီး အလုပ်ထွက်သွားတာလို့ထင်နေသည်။
သူအချိန်အကြာကြီး ပြတင်းပေါက်ကိုမှီကာ ရပ်နေခဲ့သည်။
ပြတင်းပေါက်ကိုမှီနေရာမှခွာကာ ကိုယ်ကိုပြန်မတ်လိုက်တော့ အစာမစားလို့အားပြတ်နေသောခန္ဓာကိုယ်မှာ မခံနိုင်တော့ပေ။ယိုင်နဲ့ကာ စားပွဲပေါ်တင်ထားသော ပန်းအိုးကိုတိုက်ချလိုက်မိသည်။
VOCÊ ESTÁ LENDO
သူမမြင်နိုင်သော(U+Z)( Completed )
Contovillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
