Uni
--
ခေါင်ယုလျှံနဲ့သူရကန်ရှင်းတို့ အိမ်ပြန်ရောက်ပြီးမကြာခင် DARKကလူတွေရောက်လာခဲ့သည်။
သူရကန်ရှင်း ပြတင်းပေါက်နားရပ်ကာ ခြံမှာရော အိမ်ထဲမှာပါစောင့်နေသော DARKကလူတွေကို ကြည့်နေမိသည်။
ဒီလူတွေက DARKသင်တန်းက ဆရာတွေနဲ့ အခြား အရေးပါတဲ့လူတွေကြီးပဲ။
"ရှင်း..."
ပြတင်းပေါက်နားရပ်နေသော သူရကန်ရှင်းကိုကြည့်ကာ ခေါင်ယုလျှံက ဆိုဖာပေါ်ဝင်ထိုင်လိုက်ရင်း ခေါ်လိုက်သည်။လက်ထဲမှာတော့ ကော်ဖီထည့်ထားသော အနွေးဘူးကိုကိုင်ထားသည်။
သူရကန်ရှင်းလည်း ခေါင်ယုလျှံနား ဝင်ထိုင်လိုက်ကာ...
"ခေါင်ယု မအိပ်သေးဘူးလား"
"မင်းမအိပ်သေးလို့"
ခေါင်ယုလျှံက ကော်ဖီဘူးကိုမြောက်ပြလိုက်ပြီး ဆက်ပြောသည်။
"ကော်ဖီသောက်မလား..."
သူရကန်ရှင်းက ကော်ဖီဘူးကိုကြည့်လိုက်ပြီး ခေါင်ယုလျှံကိုတစ်ချက်ပြန်လှမ်းကြည့်လိုက်ကာ...
"ဟင့်အင်း ..."
သူရကန်ရှင်း ငြင်းလိုက်တော့ ခေါင်ယုလျှံက မျက်နှာပျက်သွားသည်။
"ကိုယ်မင်းအတွက် ဖျော်လာတာ မင်းမသောက်ရင် သွန်ပစ်လိုက်ရုံပေါ့.."
သူရကန်ရှင်း သက်ပြင်းချလိုက်မိသည်။ကော်ဖီ ဘာလို့လာတိုက်လဲသိနေပြီးသားပင်။
ခေါင်ယုလျှံကို သံသယမဝင်ရက်ပေမယ့် သူရကန်ရှင်းက လုံးဝတုံးအနေတဲ့လူမှမဟုတ်တာ။ဘယ်သူကဘာလဲဆိုတာ သူရိပ်မိပါသည်။
ခေါင်ယုလျှံကို အရိပ်တကြည့်ကြည့် ကြည့်လာတဲ့လူက တစ်ခါတလေ ပြောင်းလဲသွားတဲ့မျက်လုံးတွေ၊အေးစက်လွန်းကာ ကြောက်လန့်စရာကောင်းတဲ့ အပြုံးတွေကို မမြင်ဘဲနေမလား။အမှတ်တမဲ့တွေ့လိုက်ရင်တောင် သူမြင်အောင်မကြည့်ခဲ့ပါ။မျက်နှာလွဲခဲ့မိသည်။
ညဘက်တွေ ထွက်သွားတာကိုလည်းသိသည်။ဦးလင်းရောင်ရှိန်ပြောတာတွေက အမှန်မှန်းလည်းသိသည်။
ESTÁS LEYENDO
သူမမြင်နိုင်သော(U+Z)( Completed )
Historia Cortavillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
