Uni
——
အတိတ်က ကိစ္စတွေကို လင်းရောင်ရှိန် ပြန်တွေးရင်း ထိတ်လန့်လာကာ သူ့အရှေ့က ခေါင်ယုလျှံကို ကြည့်လိုက်သည်။
ဘဝမှာ ကိုကို့ကို ချစ်နေပါတယ်ဆိုပြီး ဝန်ခံခဲ့ဖူးတာ တစ်ကြိမ်သာရှိခဲ့ဖူးသည်။အဲဒီအကြိမ်တုန်းကသာ ခေါင်ယုလျှံ ကြားသွားခဲ့တာဆိုရင် ကိုကိုလှေကားပေါ်က ပြုတ်ကျသွားတာတောင် သွေးအေးအေးနဲ့ ဒီအတိုင်းကြည့်နေခဲ့တာလား..။
"ဒယ်ဒီကို ဘယ်လိုသတ်ခဲ့တာလဲ..."
"မင်းသိပြီးသား မဟုတ်လား..။မင်းလည်း ဒီတိုင်းရပ်ကြည့်ခဲ့တာပဲ.."
ခေါင်ယုလျှံက မျက်ခုံးတွေတွန့်ချိုးကုန်ကာ ဦးလင်းရောင်ရှိန် စကားကို တွေးနေသည်။သူနားမလည်ပါ။တကယ်တော့ အဲဒီနေ့တုန်းက လှေကားမှာ ရှိနေခဲ့တာ ခေါင်ယုလျှံ မဟုတ်ပါ။DARKဖြစ်သည်။
"ဘာတွေပြောနေတာလဲ.."
"ငါ့ဘဝမှာ ချစ်နေတာကို ဝန်ခံခဲ့ဖူးတာ တစ်ကြိမ်ပဲရှိခဲ့ဖူးတယ်..အဲဒါက မတော်တဆ လှေကားပေါ်က ကိုကိုကျမသွားခင်တုန်းကပဲ"
အခုမှ ခေါင်ယုလျှံ သဘောပေါက်သွားသည်။
"ဒယ်ဒီဆီကိုပြန်ရောက်ပြီး သိပ်မကြာခင် ကျွန်တော် ခင်ဗျားအကြောင်းကို သိခဲ့တာ..ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်တာ သိပ်တော်နေတယ်လို့ ထင်နေတာလား..ဒယ်ဒီက ခင်ဗျားကိုအားနာစိတ်ကြောင့်သာ မတွေးမိခဲ့တာ ဖြစ်လိမ့်မယ်..."
ခေါင်ယုလျှံစကားဆုံးတော့ ဦးလင်းရောင်ရှိန်က လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
"အားနာတဲ့ စိတ်ကြောင့်..ဟုတ်လား..မင်းဘာကိုပြောချင်တာလဲ"
ခေါင်ယုလျှံက ဦးလင်းရောင်ရှိန်အနားမှ ထလိုက်ကာ ဂရုမစိုက်စွာ ပြန်ပြောလိုက်သည်။
"ဘာလို့ပြောပြရမှာလဲ"
"ခေါင်ယုလျှံ..!!!!"
ဦးလင်းရောင်ရှိန် ဘယ်လောက်ပဲအော်အော် ခေါင်ယုလျှံက ပြန်တောင်မကြည့်လာဘဲ တစ်ယောက်ယောက်ကို စောင့်နေသလို နာရီကိုကြည့်နေသည်။
သိပ်မကြာခင် ရှင်းရောက်လာတော့မှာ DARKပြောထားလို့သူသိသည်။ဒါပေမယ့် ရှင်းကို ရောက်မလာစေချင်ပါ။
ВЫ ЧИТАЕТЕ
သူမမြင်နိုင်သော(U+Z)( Completed )
Короткий рассказvillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
