Uni
-------
ခေါင်ယုလျှံဆိုတာ တစ်ချိန်က အားလုံးရဲ့လေးလေးစားစားဆက်ဆံခြင်းကိုခံခဲ့ရတဲ့လူ။
ဒါဆို ပြဿနာတွေက ဘယ်ကစခဲ့သလဲ။လွန်ခဲ့တဲ့ သုံးနှစ်က စတင်ခဲ့တာ။ပထမဦးဆုံး ခေါင်ယုလျှံရဲ့ ဖခင်ဖြစ်သူ ဦးငြိမ်းလရောင်က လာဘ်စားတယ်ဆိုပြီးသတင်းထွက်လာခဲ့သည်။နောက်တော့ ဦးငြိမ်းလရောင် ထောင်ကျသွားခဲ့သည်။
ပြီးတော့ ခေါင်ယုလျှံရဲ့ အထက်တန်းအမှတ်စာရင်းကလိမ်လည်ထားတာပါဆိုတဲ့ သတင်းတွေလည်းထွက်နေသည်။သက်သေတော့မရှိပါ။ဒါပေမယ့် ခေါင်ယုလျှံ ဘက်က ဒီသတင်းတွေကို ပြန်လည်ဖြေရှင်းမလာခဲ့ပါ။အဲဒါက သတင်းတွေက အမှန်ဖြစ်ပါတယ် ဆိုပြီးလူတွေကို လက်ခံလာစေသည်။
ဦးငြိမ်းလရောင် ထောင်ထဲမှာဆုံးသွားတဲ့အချိန်ကစပြီး ခေါင်ယုလျှံက လူရှေ့ပေါ်လာခြင်း လုံးဝမရှိတော့ပါ။ကောလဟာလတွေကတော့ ရပ်သွားခြင်းမရှိ။ပိုပိုဆိုးဝါးလာခဲ့သည်။အခုဆိုကျောင်းတွင်းအကြမ်းဖက်တာတွေပါ ထွက်လာခဲ့သည်။
တကယ်ဆို သက်သေလည်းမရှိဘဲနဲ့ ဘာလို့များလူတွေယုံနေကြလဲ သူရကန်ရှင်းစဉ်းစားလို့ကိုမရ။
သူရကန်ရှင်း ထို pageတွေကို သံသယဖြစ်နေတာကြာပြီ။သူတို့ပြောတာတွေအတွက် တာဝန်ယူမှုလည်း ဘာမှရှိတာမဟုတ်။ဒါက နာမည်ကြီးချင်လို့ ခေါင်ယုလျှံကို အသုံးချနေတာအသိသာကြီး။လူတွေကမကောင်းတဲ့လုပ်ရပ်တွေကို ဖော်ထားတဲ့သတင်းတွေဆိုတော်တော်ကြိုက်ကြတာလေ။မှန်မှန်မှားမှား ဂရုတစိုက်ဘယ်သူတွေးလို့လဲ။အနည်းကျဉ်းသာရှိလိမ့်မည်။ဒါကြောင့်ပဲ မသေသင့်တဲ့လူတွေ စောစောစီးစီး ကိုယ့်ကိုယ်ကိုယ် သတ်သေကုန်ကြတာ။
သူရကန်ရှင်း သက်ပြင်းချလိုက်ကာ ခေါင်ယုလျှံကို မကောင်းပြောထားတဲ့ pageတွေအားလုံးကို ssရိုက်လိုက်ကာ DARKဆီကိုပို့လိုက်သည်။သူကDARKကိုကြိုက်သလို အကူညီတောင်းနိုင်တယ်လေ။ပြီးတော့DARKမှာ နည်းပညာကျွမ်းတဲ့အဖွဲ့က သီးသန့်ရှိတော့ပိုအဆင်ပြေသည်။
"ဒီ pageတွေအကြောင်းအသေးစိတ်စုံစမ်းပေးပါ။ပြီးတော့ ဒီpageတွေကို မီဒီယာပေါ်မှာ ကျွန်တော်ထပ်မမြင်ချင်ဘူး"
ESTÁS LEYENDO
သူမမြင်နိုင်သော(U+Z)( Completed )
Historia Cortavillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
