Uni
-------
''ဖြန်း''
''စောက်သုံးမကျတဲ့ကောင်!!!''
စွမ်းဒီပါရှိန် ကိုယ်ပေါ်ကျလာသော ခါးပတ်ရဲ့ရိုက်ချက်တွေကို အံကြိတ်ကာခံနေသည်။ဘယ်နှခါမြောက်မှန်း မသိတော့သောရိုက်ချက်တွေက သူ့တစ်ကိုယ်လုံးပေါ်ကျရောက်နေသည်။
''ကျွန်တော် နောက်မမှားအောင်ဂရုစိုက်ပါ့မယ် ဒယ်ဒီ''
သူပြောလိုက်တော့ ဒယ်ဒီကတောက်တစ်ချက်ခေါက်ကာ...
''ဒုန်း''
ရင်ဘတ်ကိုကန်လာသည်မို့ အရင်တစ်ခေါက်က ဓါးထိုးခံထားရေသာ ဒဏ်ရာကိုလာထိသည်။
''အာ့''
အသံထွက်၍ပင်ငြီးတွားမိသွားကာ ဒူးထောက်နေရာမှလဲကျသွားရသည်။
လင်းရောင်ရှိန် စိတ်ကိုထိန်းလိုက်ကာ ကြမ်းပြင်ပေါ်တွင်လဲကျနေသော စွမ်းဒီပါရှိန်အား လက်ညှိုးထိုးကာမေးလိုက်သည်။
''မင်းအလုပ်ကို ဘယ်လိုလုပ်နေတာလဲ။မင်းဒီလိုပုံစံနဲ့ ဒီလုပ်ငန်းတွေကိုကိုင်တွယ်နိုင်မယ် ထင်နေလား။ခေါင်ယုလျှံဆီမှာ အစေခံလိုတစ်သက်လုံးနေရမယ့် အကောင် ''
သူဘာမှပြန်ခုခံမပြောနိုင်အောင် နာကျင်နေသည်။
ဒီလုပ်ငန်းတွေကိုပိုင်ဆိုင်ရတော့ရော သူကပျော်ရွင်တဲ့ဘဝကိုရမှာလား။
ခေါင်ယုလျှံဆီမှာ အစေခံလိုနေရတော့ရောပျော်ရွင်တဲ့ဘဝကို မရနိုင်ဘူးလား။ဒယ်ဒီတွေးပုံတွေကိုသူနားမလည်ပါ။
ဘာမှပြန်မပြောဘဲငြိမ်နေသော စွမ်းဒီပါရှိန်ကြောင့် လင်းရောင်ရှိန်ဒေါသက ပိုကြီးထွားလာရသည်။ခေါင်ယုလျှံကို လုပ်ကြံဖို့ကြံတိုင်း သူရကန်ရှင်းက တားဆီးထားသည်။
DARKကထိပ်တန်းAအဆင့်စောင့်ရှာက်သူကို အလွယ်တကူမကျော်နိုင်။ဒါကြောင့် ခေါင်ယုလျှံကို နာမည်ဆိုးနဲ့တစ်သက်လုံး ခေါင်းမထောင်နိုင်အောင်လုပ်ဖို့စီစဉ်ထားပေမယ့်လည်း မအောင်မြင်တော့လင်းရောင်ရှိန် ကြံရာမရဖြစ်နေသည်။
''မင်းစောက်ပါးစပ်ပိတ်မထားနဲ့!!!။ငါ့ကိုဖြေရှင်းချက်ပေးဖို့စဉ်းစား။မင်းဘယ်နေရာမှာ မှားယွင်းသွားတာလဲ''
BẠN ĐANG ĐỌC
သူမမြင်နိုင်သော(U+Z)( Completed )
Truyện Ngắnvillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
