Uni
——
စွမ်းဒီပါရှိန်က ပြောပြီးသတိလစ်သွားသည်။
''ကိုစွမ်းဒီပါရှိန်''
ကာရန်လှိုင်းလည်း ယင်းဆီကိုမသွားတော့ဘဲ အိမ်ကိုပြန်လာခဲ့သည်။
စွမ်းဒီပါရှိန်က ကိုယ်တော်တော်ပူနေသည်မို့ လှိုင်းဆီမှာ စာလာသင်နေတဲ့တစ်ယောက်ကို ဖုန်းဆက်ပြီးရေပတ်တိုက်ခိုင်းရသည်။ထိုကောင်လေးပြန်သွားသည်အထိ သတိရမလာခဲ့ပါ။
''ကာရန်လှိုင်း''
အိမ်ရှေ့က ခေါ်သံကြားလိုက်သည်မို့ စွမ်းဒီပါရှိန်ကိုစောင်ခြုံပေးကာ ထားခဲ့လိုက်သည်။
''ကိုခေါင်ယုလျှံ''
ရောက်သူက ခေါင်ယုလျှံ။အလုပ်ကနေ တန်းလာခဲ့ပုံပေါ်ပြီး အပေါ်ကုတ်ကိုလည်း ချွတ်ထားသည်မို့ခေါင်ယုလျှံပုံစံက ရှိန်လောက်တဲ့အနေထားမဟုတ်တော့ဘဲ ကြည့်ကောင်းလှသည်။
ကာရန်လှိုင်းလည်း အိမ်ထဲလာရန်ခေါ်တော့ ခေါင်ယုလျှံလည်းအိမ်ထဲကိုကြည့်ရင်း...
''စွမ်းဒီပါရှိန်''
ကာရန်လှိုင်းလည်း ထိုအခါမှအခန်းတံခါးပြန်မပိတ်ခဲ့မိတာ သတိရသွားသည်။
''ကိုစွမ်းဒီပါရှိန်က နေမကောင်းလို့ခေါ်လာခဲ့တာ။''
ခေါင်ယုလျှံက ဘာမှပြန်မပြော။
''သူက ဆေးရုံမသွားလို့ပါ။နေမကောင်းတိုင်း လှိုင်းအိမ်ကိုရောက်လာနေကြမို့လို့လေ''
ကာရန်လှိုင်းက အထင်လွဲမှာစိုး၍ရှင်းပြနေသော်လည်း ခေါင်ယုလျှံရဲ့ အေးစက်စက်ပုံစံကြီးက မပြောင်းလဲလာ။ခဏကြာတော့မှ စွမ်းဒီပါရှိန်ကိုကြည့်နေရာမှအကြည့်လွဲလိုက်ပြီး...
''ရှင်း....ပြန်သတိရလာပြီ။''
''ဟုတ်ကဲ့။လှိုင်းကိုကို့ဆီကို...လာတွေ့လိုက်ပါ့မယ်''
လှိုင်းက.စာမေးပွဲဖြေနေတာ.မနေ့ကမှပြီးတာဖြစ်လို့ ကိုကို့အကြောင်းဘာမှမသိပါ။လှိုင်းကစာမေးပွဲရှိရင် ဖုန်းမသုံးတော့တာ အကျင့်ဖြစ်နေသည်။
''သူအားတဲ့အခါလာတွေ့လိမ့်မယ်''
''ဟုတ်''
သူတို့နှစ်ယောက်ကြား လေထုကငြိမ်သက်သွားသည်။ခဏကြာတော့ ခေါင်ယုလျှံက ပြောလာသည်။
ВЫ ЧИТАЕТЕ
သူမမြင်နိုင်သော(U+Z)( Completed )
Короткий рассказvillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
