Part~20 (Z+U)

5.7K 394 25
                                        

Uni
--
universe၏ အစည်းဝေးခန်းထဲတွင်။

လွန်ခဲ့သော လအနည်းက ရပ်တန့်နေသော ပရောဂျက်တွေအကုန် ပြန်လုပ်လိုက်နိုင်ကာ အခြားကုမ္ပဏီကြီးတွေကပါ ပူးပေါင်းလာသည်မို့ အခုဆိုရင် universeက သိသိသာသာအင်အားကြီးလာပြီဖြစ်သည်။

ခေါင်ယုလျှံက ဘေးနားတွင်ထိုင်နေသော သူရကန်ရှင်းအား တစ်ချက်ကြည့်လိုက်သည်။သူရကန်ရှင်းက အခုဆိုရင် ခေါင်ယုလျှံရဲ့အလုပ်တွေကိုပါ ဝင်ကူပေးနေကာ ဦးလင်းရောင်ရှိန်ကိုလည်း DARKကိုရှာခိုင်းထားရသည်။မသင်္ကာစရာတွေကိုလည်း သူ့မှာတစ်ခုမကျန်လိုက်စစ်ဆေးရသေးသည်။

ဒါကြောင့် ခေါင်ယုလျှံကဒီကိစ္စတွေကို အမြန်အပြီးသတ်ချင်နေတာဖြစ်သည်။

ဒါမှ ရှင်း လည်းနားရမှာ...။

သူထရပ်လိုက်ကာ..

"အားလုံးက ကျွန်တော့်ကိုယုံကြည်ပေးလို့ ဒီပရောဂျက်ကို အောင်အောင်မြင်မြင်လုပ်နိုင်တာပါ။"

universeရဲ့ shareရှင်တွေထဲတွင် ခေါင်ယုလျှံကို ယုံကြည်တဲ့လူတွေသာကျန်ခဲ့တာဖြစ်သည်။

အားလုံးပြုံးနေကာ သူတို့စိတ်ထဲတွင် သူတို့ခေါင်ယုလျှံကို ရွေးလိုက်တာမမှားဘူးဆိုတာ ပိုသေချာသွားသည်။

ထိုစဉ်.....

"ကို ခေါင်ယုလျှံ ဦးလင်းရောင်ရှိန်ကို ပြန်ပေးဆွဲထားခဲ့တယ်လို့ ဦးလင်းရောင်ရှိန်ကိုယ်တိုင်က လာတိုင်ကြားထားလို့ ကျွန်တော်တို့နဲ့လိုက်ခဲ့ပေးပါ"

အားလုံး ကြောင်အ ကုန်ကြသည်။သူရကန်ရှင်းဆို ယောင်ရမ်းကာ ခေါင်ယုလျှံရှေ့ပိတ်ရပ်မိလိုက်သည်အထိ။

ဘာတွေ ပေါက်ကရဖြစ်ပြန်ပြီလဲ!..။

ရဲတွေက ရုတ်တရက်ဝင်လာကာ..ခေါင်ယုလျှံကို လက်ထိပ်ခတ်ကာပြောသည်။

နစ်နာတဲ့လူကိုယ်တိုင်က လာတိုင်ကြားတာဖြစ်လို့ ဖမ်းဝရမ်းက ပါလာပြီးသားပင်။

ခေါင်ယုလျှံ ဘယ်သူမှမမြင်အောင် ခေါင်းငုံချလိုက်ပြီး အေးစက်စက်ပြုံးလိုက်သည်။

ဦးလင်းရောင်ရှိန်တော့ အမှားကို တန်းတန်းမှတ်မှတ် ရွေးလုပ်လိုက်မိပြီ။

သူမမြင်နိုင်သော(U+Z)( Completed )Donde viven las historias. Descúbrelo ahora