Uni
––—
သူရကန်ရှင်း သင်တန်းမှထွက်ရန် လက်မှတ်ထိုးဖို့ DARKကို ရောက်လာသည်။
သူ ရုံးခန်းကို သွားနေတုန်း သင်တန်းရဲ့ စစ်ဆေးရေးခန်းမှ ထွက်လာသော မိန်းကလေးကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။
"လှိုင်း...."
ထိုမိန်းကလေးက သူရကန်ရှင်းရဲ့ ညီမ။
"ကိုကို..... "
DARKရဲ့ စစ်ဆေးရေးခန်းက ရာဇဝတ်သားတွေရယ်၊DARKကို မထီမဲ့မြင်လုပ်တဲ့သူတွေနဲ့ DARKမှ လက်မှတ်ပြန်မအပ်ဘဲ ထွက်သွားရန်ကြိုးစားနေသူတွေကို ဖမ်းထားတဲ့အခန်းဖြစ်သည်။
အပြစ် အနည်းအများအလိုက် အနှိပ်စက်ခံရတာတွေ၊အပြစ်ပေးခံရတာတွေရှိသည်။
"ဒီကို ဘယ်လိုရောက်နေတာလဲ...."
ကာရန်လှိုင်းက သူရကန်ရှင်း အနားလာပြီး စိတ်ပူပန်နေတာ သိသာနေသော မျက်လုံးတွေနဲ့ ပြောသည်။
"ကိုကိုနဲ့ အဆက်သွယ်မရလို့လေ..."
ကာရန်လှိုင်းက အပြင်လူဖြစ်တဲ့အတွက်ကြောင့် သင်တန်းကျောင်းထဲ ဝင်ခွင့်မရှိတော့ သူရကန်ရှင်း စိတ်ပူပန်သွားရသည်။
"ဘယ်လိုဖြစ်ပြီး ဒီထဲကို ဝင်လာလို့ရတာလဲ.."
ကာရန်လိုင်းက ပြုံးလိုက်သည်။ထိုအပြုံးက လုပ်ချင်ရာ လုပ်ပြီး မျက်နှာချိုသွေးနေတာနဲ့ တူသည်။
"မနေ့က အကြမ်းဖက်သမားတစ်ယောက်ကို ရိုက်လိုက်တာ...အဲဒီလူက DARKရဲ့ဝရမ်းပြေးလေ..."
ကာရန်လှိုင်းက အကြောက်လန့်မရှိတဲ့ မိန်းကလေးတစ်ယောက်။
သူလုပ်ချင်ရင် ဘာကိုမှ ပူပန်မနေဘဲ လုပ်ချတတ်သည်။အဲလိုလုပ်တိုင်းလည်း မအောင်မြင်တာမျိုးမရှိခဲ့ပါ။
အခုလည်း ကာရန်လှိုင်းက သူရကန်ရှင်းနဲ့ ပတ်သက်ပြီး DARKဆီက တစ်ခုခုများသိရမလားဆိုပြီး သင်တန်းကျောင်းထဲကိုဝင်ရန်အတွက် သင်တန်းကရင်းနှီးတဲ့တစ်စုံတစ်ယောက် အကူညီနဲ့ DARKကထွက်ပြေးလာတဲ့သူကို ရိုက်ပြီး ပြန်ပို့ကာ သူဘယ်လိုဖမ်းခဲ့ကြောင်း ထွက်ဆိုရန်အတွက် သင်တန်းထဲ ဝင်လာနိုင်ခဲ့သည်။
ESTÁS LEYENDO
သူမမြင်နိုင်သော(U+Z)( Completed )
Historia Cortavillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
