Part~9 (Z+U)

7.1K 525 35
                                        

Uni
-----
ခေါင်ယုလျှံ။သူရကန်ရှင်း။လင်းနွေယံ။
ပြီးတော့ လူထူးဆန်း။သူတို့(4)ယောက်လုံးအတူတူ ထိုင်နေကြသည်။

လင်းနွေယံက မေးလိုက်သည်။

"ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ"

''သွေးစက်''

သူရကန်ရှင်းက ထပ်မေးသည်။

''ခင်ဗျားမှာ..ခေါင်ယုကိုကားတိုက်မိတဲ့vedio ဘယ်လိုလုပ်ပြီးရှိနေတာလဲ''

''အာ သူ့ကိုငါတိုက်ခဲ့တာမို့လို့လေ''

''ဘာ ခင်ဗျား''

သူရကန်ရှင်း သွေးစက်ရှေ့တိုးလာတော့ လင်းနွေယံကအရှေ့ကကာလိုက်သည်။

''နေဦး အကြောင်းရင်းရှိမှာပေါ့''

သူပြောပြီးတာနဲ့ သွေးစက်ထံမှ စကားထပ်ထွက်လာသည်။

''မရှိဘူး ငါတိုက်ချင်လာလို့ဝင်တိုက်တာ''

''.....''

''ခင်ဗျား''

သူရကန်ရှင်း သွေးစက်ကိုထိုးရန်ပြင်တော့ ခေါင်ယုလျှံကတားလိုက်ပြီး သွေးစက်အနားကိုကပ်ကာ တစ်ခုခုကိုပြောလိုက်သည်။အသံကတိုးလွန်း၍ သူတို့နှစ်ယောက်မှလွဲ၍ ဘယ်သူကမှ မကြားကြ။ခဏကြာမှ သွေးစက်ကပြန်ပြောလာသည်။

''ရပါတယ်''

ခေါင်ယုလျှံက သူရကန်ရှင်းဘက်လှည့်ကာပြောလာသည်။

''ရှင်း သွားရအောင်''

''ခေါင်ယု သူ... သူ''

''ငါနားချင်ပြီသွားရအောင်''

ခေါင်ယုလျှံ ကပြောပြီးတာနဲ့ ထွက်သွားတော့ သူရကန်ရှင်းလည်း အနောက်ကလိုက်သွားရသည်။

ထွက်ခွာသွားသောကားကို ကြည့်ကာ သွေးစက်က ခေါင်းခါကာ ရယ်နေသည်။

''ခင်ဗျား ဘာလို့vedioရိုက်ထားတာလဲ''

''ရိုက်ချင်လို့ရိုက်ထားတာလေ။အခုတော့ အသုံးဝင်သွားပြီမဟုတ် လား''

''အဲဒါကိုမေးတာမဟုတ်ဘူး။နေ့လယ်ကပွဲမှာ ခင်ဗျားvedioရိုက်ထားသေးတယ်လေ။ကျွန်တော်မမြင်ဘူး ထင်နေလား''

''အဲဒါလား အစကတော့ ဘာရယ်မဟုတ်ဘူး ရိုက်လိုက်တာပဲ။အခုတော့ မနက်ဖြန်အတွက်ဖြစ်သွားပြီ"

သူမမြင်နိုင်သော(U+Z)( Completed )Where stories live. Discover now