Uni
––—
သွေးစက် သူ့ရှေ့က နှစ်ယောက်ကို စိတ်ကုန်စွာ ကြည့်လိုက်သည်။
သူရကန်ရှင်း အဲ့လိုတွေဖြစ်ပျက်ပြနေလို့ ဒီကောင်စုတ်လေးက လုပ်ချင်တာလုပ်နေတာ...။
"မီးလျှံ မင်းငါနဲ့စကားပြောဖို့လိုက်လာခဲ့.."
"......."
သွေးစက်ရဲ့ အေးစက်စက် အမိန့်သံကြောင့် ခေါင်ယုလျှံ သွေးစက်ကို မော့ကြည့်လိုက်သည်။
ဒါက သူဂေဟာမှာတွေ့တုန်းက သွေးစက်ပုံစံပဲ။ကြည့်ရတာ ငိုပြီးတော့ ပုံမှန်ပြန်ဖြစ်သွားပုံပဲ။
သွေးစက်က သူ့ကိုကြောင်ပြီးကြည့်နေသော ခေါင်ယုလျှံကို လျစ်လျူရှုလိုက်ကာ သူရကန်ရှင်းကို စိုက်ကြည့်ပြီးထပ်ပြောသည်။
"ပြီးတော့ သူရကန်ရှင်း မင်းသူများကို ဂရုစိုက်နေဖို့ အားတွေပြည့်နေသေးရင် ဒီကလေးကို ခဏခေါ်ထားပေး"
"......."
ထိုအခါမှ ခေါင်ယုလျှံရောသူရကန်ရှင်းရော သွေးစက်နဲ့အတူပါလာတဲ့ ပိန်သေးသေးနဲ့ 15 16အရွယ်ရှိတဲ့ကောင်လေးကို မြင်သည်။ကောင်လေးက သွေးစက်နောက်မှာ ဝင်ပုန်းနေသလိုဖြစ်နေပြီး ခေါင်ယုလျှံက ခေါင်းမူးနေကာ၊သူရကန်ရှင်းကလည်း ခေါင်ယုလျှံကို စိတ်ပူနေတာကြောင့် မမြင်မိကြတာဖြစ်သည်။
သွေးစက်က ကလေးကိုကြည့်နေသော နှစ်ယောက်ကြောင့် ကလေးရှေ့ကာရပ်လိုက်ကာ....
"သူ့ကို သွားမကြည့်နဲ့ ဘာပဲလုပ်လုပ် တားလည်းမတားနဲ့ ဒီတိုင်းလွတ်ထား သူလုပ်လို့ ဒီအိမ်တစ်ခုလုံးပြောင်းဆန်သွားရင်တောင် လွတ်ထားလိုက်... ငါပြန်လျော်ပေးမယ်"
သွေးစက်ပုံစံက အရင်ကနဲ့မတူဘဲ တည်တံ့နေတာကြောင့် သူရကန်ရှင်း ထူးဆန်းနေတာ သတိထားလိုက်မိသည်။
ဒါပေမယ့် ကလေးဘက်လှည့်ကာပြန်ပြောတဲ့အခါမှာတော့ လေသံက နူးညံ့လွန်းကာ သေချာဂရုစိုက်ပြောနေသည်။
"နေခဲ့နော်..သိပ်မကြာဘူး ပြန်လာခေါ်မယ် လွတ်လွတ်လပ်လပ်နေ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး..."
ကောင်လေးက ခေါင်းညိတ်ပြတော့ သွေးစက်က ကောင်လေးဆံပင်ကို ခင်ဖွဖွလေး ဆွဲဖွကာ ထွက်သွားသည်။ခေါင်ယုလျှံကိုလည်း မျက်လုံးက အမြန်လိုက်လာရန် အချက်ပြသွားသေးသည်။
YOU ARE READING
သူမမြင်နိုင်သော(U+Z)( Completed )
Short Storyvillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
