Uni
——
သူရကန်ရှင်း လင်းနွေယံကို စောင့်နေရာမှစိတ်မရှည်တော့လို့ ဆိုင်ထဲလိုက်လာလိုက်သည်။ခေါင်ယုပြောလို့ ဟိုလူလိုချင်တာကို လာဝယ်တာ။လင်းနွေယံက သူပဲသွားဝယ်လိုက်မယ်ဆိုပြီး ထွက်သွားတာပြန်မလာတော့။
သူရကန်ရှင်းဆိုင်ထဲကို ဝင်ဝင်ချင်း လှမ်းတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ခြေလှမ်းတွေရပ်သွားသည်။
လင်းနွေယံ။စွမ်းဒီပါရှိန်နဲ့ဦးလင်းရောင်ရှိန်။ဒီသုံးယောက်က ဘယ်နားမှာမှ အတူတွဲမတွေ့သင့်တဲ့လူတွေ။လင်းနွေယံက မျက်နှာနဲ့မလိုက်ကြမ်းကြမ်းတမ်းတမ်းကောင်။ဟိုကနှစ်ယောက်ကလည်း ပုံမှန်တွေမဟုတ်။
ဒီနေ့နက္ခတ်တွေက မူးနေတာလား။မဆုံသင့်တဲ့လူတွေကို လာပေးဆုံနေတယ်။''မင်းအကောင်ကို မင်းထိန်း.စွမ်းဒီပါရှိန်''
လင်းရောင်ရှိန်က လင်းနွေယံကို လက်ညိုးငေါက်ငေါက်ထိုးကာပြောတော့ လင်းနွေယံက မထီမဲ့မြင်ပုံစံဖြင့်ခပ်မဲ့မဲ့ပြုံးကာ...
''ခင်ဗျားသားရဲ့ လင်ဖြစ်မယ့်လူကိုတော့ ခင်ဗျားကြီးသိနေသားပဲ။''
ဒီကောင်လေးကတော့။သူရကန်ရှင်း အမြန်ပြေးကာသူတို့အနားသွားလိုက်သည်။လင်းရောင်ရှိန်က လင်းနွေယံကို ရွံရှာသလိုကြည့်ကာ...
''မင်းကများ...တန်တယ်လို့ထင်နေလား''
ထိုစကားကိုကြားတော့ လင်းနွေယံမျက်လုံးတွေက စွမ်းဒီပါရှိန်ကို ဒေါသတကြီးကြည့်သည်။
ဒီစကားကိုဘယ်လောက်တောင် မုန်းလိုက်သလဲ။ဒီစကားပြောပြီးလူကို ကစားသွားတာလေ။မုန်းလွန်းလို့ကြောက်ပါကြောက်ရတဲ့စကား။အဖေရော၊သားရောတစ်ချိုးထဲ။
''တန်တယ်။သိပ်တန်တာပေါ့။လူလူချင်းမတန်စရာဘာရှိလဲ။တန်လားမတန်လား ခင်ဗျားသားအသိဆုံး''
ရုတ်တရက်သူ့ဘက်ကို အံ့ကြိတ်ကာပြောလာတော့ စွမ်းဒီပါရှိန်မျက်လုံးများဝိုင်းကာ ငေးကြည့်မိရုံကလွဲဘာမှပြန်မပြောနိုင်။
''.....''
တကယ်တော့သူဖျားနေတာ။ဒယ်ဒီက ခေါ်လာလို့လိုက်လာခဲ့ပေမယ့် လာတွေ့သောမိန်းကလေးနဲ့ ဘာတွေပြောနေမှန်းတောင် သူမသိ။မူးနှောက်နေသောခေါင်းကြောင့် ဘာကိုမှမကြားနိုင်။အင်းအဲလုပ်ကာ ပြန်ဖြေနေရာမှ ရုတ်တရက်ရောက်လာသော မောင်ကြောင့်သူမှာအာရုံမစိုက်၍မရပါ။
![](https://img.wattpad.com/cover/308386356-288-k554660.jpg)
YOU ARE READING
သူမမြင်နိုင်သော(U+Z)( Completed )
Short Storyvillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023