Part~22 (Z+U)

5.2K 405 11
                                        

Uni
--
စွမ်းဒီပါရှိန် ဆေးရုံကပြန်ဆင်းပြီးကတည်းက အရင်က လင်းနွေယံနဲ့ အတူနေခဲ့သော တိုက်ခန်းမှာအတူပြန်နေကြသည်။

လင်းနွေယံက ဒီအတောအတွင်း ဖုန်းမသုံးခိုင်းပါ။အကြောင်းပြချက်က သူနဲ့အတူ နေတဲ့အချိန်တွေကို ဖုန်းကို မဖဲ့ပေးနိုင်လို့တဲ့လေ။

အချိန်ကြာလာတော့ ဘာတွေဖြစ်ပျက်နေပြီလဲဆိုတာ သိချင်လာသည်။ဒယ်ဒီဆီက ထွက်လာပြီးကတည်းက သူ လောကကြီးနဲ့ အဆက်ပြတ်နေတာ..။

သူခုံပေါ်ဝင်ထိုင်လိုက်ရင်း စားပွဲပေါ်တွင် တင်ထားသော လင်းနွေယံဖုန်းကို ယူလိုက်သည်။သူ့ဖုန်းကတော့ အိမ်ကထွက်လာကတည်းက ပါမလာပါ။

သူအင်တာနက်ဖွင့်လိုက်ကာ ဟိုဟိုဒီဒီလျှောက်ကြည့်နေရင်း သတင်းတစ်ပုဒ်ကြောင့် ထိတ်လန့်ကာ ဖုန်းတောင်လွတ်ကျတော့မလိုဖြစ်သွားရသည်။

ပေါ်သွားပြီပဲ။အသံဖိုင် လင့်တွေ၊ဓာတ်ပုံတွေ၊ဗီဒီယိုတွေ အများကြီး ....။ဒယ်ဒီကျူးလွန်ခဲ့တာမှန်သမျှ သက်သေအတိအကျ အချိန်အတိအကျနဲ့....။

နောက်ဆုံးသတင်းအရ ဒယ်ဒီက ပျောက်နေတယ် လို့လည်းရေးထားသေးတယ်။ဘာတွေ ဖြစ်နေပြီလဲ။

ဒီသတင်းကို လင်းနွေယံ မသိတာက မဖြစ်နိုင်ပါ။ဒါဆို သူ့ကိုဘာလို့မပြောတာလဲ။လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ပြန်ပေးဆွဲခံရတယ်ဆိုပြီး အစ်ကိုခေါင်ယုလျှံကို ဖမ်းခဲ့တာတောင် သူမသိရပါ။လင်းနွေယံက ဘာအကြောင်းမှ သူ့ကိုမပြောမလာပါ။

လင်းနွေယံ အိပ်ယာသိမ်းပြီး အခန်းထဲမှ ထွက်လာတော့ ခုံပေါ်တွင် ဖုန်းသုံးနေကာ မျက်နှာတစ်ခုလုံးဖြူဖျော့နေသော စွမ်းဒီပါရှိန်ကို တွေ့လိုက်ရသည်။

စွမ်းဒီပါရှိန်က ဖုန်းအားပစ်ပေးကာ မေးလာသည်။

"ဒယ်ဒီ့ အကြောင်း ကိုယ့်ကိုဘာလို့မပြောတာလဲ"

သူရုတ်တရက် ဘာပြန်ပြောရမလဲမသိအောင် ဆွံ့အသွားသည်။

အရှုပ်တွေထဲ ထပ်မပါစေချင်လို့ပါ...။ကိုကိုက အရမ်းချစ်တတ်လွန်းတယ်။ဦးလင်းရောင်ရှိန်သာ ရူးကြောင်ကြောင်တွေမခိုင်းခဲ့ရင် ကိုကိုကအဖြူစင်ဆုံးလူပဲ ဖြစ်မှာ။

သူမမြင်နိုင်သော(U+Z)( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ