Part~5 (Z+U)

8.1K 584 9
                                    

Uni
-------
သူရကန်ရှင်းပြောရင်းအပေါ်ဝတ်ချွတ်ကာ ခေါင်ယုလျှံကိုဝတ်ပေးလိုက်သည်။ထို့နောက် ခေါင်ယုလျှံကို ထီးမိုးပေးလိုက်ရင်း...

"မင်းအတိတ်က မင်းကိုနာကျင်စေခဲ့ရင် မင်းအနာဂတ်ကိုတော့ ပျော်ရွင်အောင် ဖန်တီးလို့ရသေးတယ်လေ"

သူရကန်ရှင်းစကားကြောင့် ခေါင်ယုလျှံ သူရကန်ရှင်းကိုငေးကြည့်မိသည်။ဒီကောင်လေး ဘာလို့ သူ့ကို ဒီလောက်ဂရုစိုက်ပေးနေလဲ နားမလည်နိုင်တော့ပါ။

''ရှင်း မင်းငါ့ကိုစောင့်ရှောက်ဖို့ ဘာလို့လက်ခံခဲ့တာလဲ''

''လက်ခံခဲ့တာမဟုတ်ဘူး ငါကိုယ်တိုင်ကမင်းကိုစောင့်ရှောက်ဖို့တောင်းဆိုခဲ့တာ''

''ငါတို့သင်တန်းမှာက ဘက်စုံထူးချွန်တဲ့လူတွေချည်းပဲလေ။အထူးသဖြင့်လူမှုရေးနဲ့။ကျန်းမာရေးအပိုင်းမှာပေါ့။ပတမအဆင့် ရတဲ့သင်တန်းသားက ကိုယ်စောင့်ရှောက်ချင်တဲ့လူကိုရွေးချယ်ပိုင်ခွင့်ရှိတယ်။''

''....''

''သာမာန်အဆင့်နဲ့အောင်ရင်တော့ သင်တန်းကျောင်းက ရွေးချယ်ပေးတယ်။ငါမင်းကိုစောင့်ရှောက်ချင်လို့အမြင့်ဆုံးရောက်အောင် ကြိုးစားခဲ့တာ...''

''ဘာလို့လဲ...."

သူရကန်ရှင်းက ခေါင်ယုလျှံလက်ထဲကို ထီးပေးလိုက်ကာ...

''ခေါင်ယု ဟိုးအရင်ကတည်းက မင်းကငါ့ကိုဒီလိုမျိုးထီးမိုးပေးခဲ့တာ။မင်းသာမရှိရင်အခုငါဆိုတာလည်း ရှိမှာမဟုတ်ဘူး'

''ငါက...ထီးမိုးပေးခဲ့တာ''

ခေါင်ယုလျှံကထီးကိုင်ထားသော သူ့လက်ကိုသူပြန်ကြည့်ကာမေးလာသည်။

"မင်းမှတ်မိပါ့မလားတော့ မသေချာဘူး။ဒီလိုမိုးတွေရွာနေတဲ့အချိန်မှာ ငါ့ကိုထီးမိုးပေးခဲ့ဖူးတယ်"

ခေါင်ယုလျှံက အလေးနက်ပြန်တွေးနေသည်။

"အခုလည်းမင်းငါ့ကို ထီးမိုးပေးထားတာပဲလေ။ဘာမှမပြောင်းလဲသွားပါဘူး။မင်းကအခုချိန်ထိ ငါ့အတွက် လေးစားရတဲ့လူဖြစ်နေတုန်းပါပဲ"

ခေါင်ယုလျှံမှာ ခေါင်းငုံ့ဘာမှဆက်မပြောတော့ဘဲ လုံးဝတိတ်ဆိတ်
သွားသည်။ထို့နောက်ခေါင်းပြန်မော့လိုက်တော့ သူ့မျက်လုံးမှာတောက်ပနေတဲ့အကြည့်တစ်ခု ရှိနေခဲ့သည်။အဲ့အကြည့်က ရှင်းကိုတည့်မတ်စွာကြည့်နေသည်။

သူမမြင်နိုင်သော(U+Z)( Completed )Kde žijí příběhy. Začni objevovat