Part~14 (U+Z)

5.8K 468 22
                                        

Uni
----------
''ဘာဖြစ်လို့လဲရှင့်...''

သတင်းထောက်က ဆက်မဖြေသော သူ့ကိုကြည့်ကာ မေးလာသည်။

ခေါင်ယုလျှံက လင်းရောင်ရှိန်ကို စိုက်ကြည့်ကာ...

''ဒါက လျှိ့ဝှက်ချက်မဟုတ်ဘူးလား''

သူပြောပြသင့်ရဲ့လားဆိုတာကို မေးချင်တဲ့သဘော။

လင်းရောင်ရှိန် လက်တွေတုန်လာသည်။ရိုက်ချင်လွန်းလို့လက်တွေပါယားတယ်ဆိုတာ ဒီလိုမျိုး။

ဘာခြေလှမ်းတွေ လှမ်းနေတာလဲ။မီဒီယာရှေ့မှာ ဒီလိုမေးရအောင်ဒီကောင့်မှာ ဘာတွေများရှိနေလို့လဲ။အကြောင်းပြန်ကြားမလာသော သူ့ရဲ့ကြေးစားအဖွဲ့ကိုများ ဖမ်းမိခဲ့တာလား။ခေါင်ယုလျှံ ဘာလိုချင်နေတာဘဲ့ဖြစ်ဖြစ် သူ့ပါးစပ်ကိုအရင်ပိတ်ရမည်။

''ဒါကဒီလိုပါ သူရကန်ရှင်းက ကျွန်တော့်တူကို ဂရုစိုက်ဖို့ တာဝန်ရှိတဲ့လူဆိုတော့ တူလေးက အလုပ်တွေပြန်လုပ်လာမှာကို မကြိုက်ဘူးထင်ပါရဲ့။ဒါပေမယ့်လည်းကျွန်တော်က တူလေးရဲ့တက်လမ်းကို ပိတ်နေတာကိုမလိုဘူးလေ။ပြီးတော့ ကာယကံရှင်ကိုယ်တိုင်က အလုပ်ကို ရွေးချယ်လိုက်တာဆိုတော့ သူစိတ်ဆိုးသွားတာထင်တယ်''

''လေးလေး..ဘာတွေပြောနေတာလဲ။အဲလိုမျိုး..မဟုတ်ပါဘူး''

''.....''

လင်းရောင်ရှိန် ထရပ်လိုက်သည်။ထွက်လာသောဒေါသက ထိန်းမရတော့။

ဒီကောင် ဘာလုပ်ချင်နေတာလဲ။

ခေါင်ယုလျှံ မျက်လုံးကအေးစက်နေသည်။

အကွက်ထဲဝင်လာပြီပဲ။

ဒါပေမယ့် လင်းရောင်ရှိန်ရဲ့စကားတွေက သူရကန်ရှင်းကိုမသိမသာအပြစ်ပြောထားသည်မို့ ခေါင်ယုလျှံမျက်နှာက အေးစက်နေလျက်။

စကားပြောရင် မရှင်းမလင်းနဲ့။ရှင်းကို..အထင်မှားကုန်မှာမျိုးသူမလိုလားပါ။

''ရှင်းက ကျွန်တော့်ကိုအရမ်းစိတ်ပူတော့ အနားယူစေချင်တာ။လေးလေးကလည်း ရှင်းကို တောင်းပန်ချင်နေတာပါ။ဟုတ်တယ်မဟုတ်လားလေးလေး။ရှင်းနဲ့ စကားများခဲ့တာနဲ့ ပတ်သက်ပြီးလေးလေးက စိတ်မကောင်းဖြစ်နေတာ မဟုတ်လား''

သူမမြင်နိုင်သော(U+Z)( Completed )Where stories live. Discover now