Uni
-------
''ဟယ်လို ဆရာ သူတို့အိမ်ကထွက်သွားကြပြီ''
ကားပေါ်မှလူတစ်ယောက်သည် ထွက်သွားသော ကားလေးပေါ်ကလူနှစ်ယောက်ကိုကြည့်ကာ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ပြီးပြောလိုက်သည်။
''သတ်လိုက်တော့''
တစ်ဖက်မှအသံခပ်သြသြက ထွက်လာသည်။လေသံက လုံးဝအေးစက်လျက်။
''ဟုတ်ကဲ့''
သူလည်း အမြန်ပြန်ပြောကာ ဖုန်းချလိုက်သည်။
ထွက်သွားတဲ့ကားပေါ်က ခေါင်ယုလျှံနှင့်သူရကန်ရှင်းကတော့ သူတို့ဘာဖြစ်မယ်ဆိုတာမသိခဲ့ဘူးပေါ့။
ခေါင်ယုလျှံနဲ့သူရကန်ရှင်း အသံတိတ်လမ်းကိုရောက်တော့ လမ်းကကားဝင်လို့မရ။နဂိုကတည်းက လူမိုက်တွေပဲစုနေတဲ့ သီးသန့်နေရာဖြစ်လို့ ဘယ်သူကမှလာမပြင်ပေးရဲတာ ဖြစ်သင့်ပါတယ်လေ။
သူတို့နှစ်ယောက်ဝင်လာတော့ တစ်လမ်းလုံးကတိတ်ဆိတ်လျက်။တွေ့လိုက်ရတဲ့လူတွေကလည်း သူတို့သာစကားသွားပြောရင် ထရိုက်မလားထင်ရလောက်အောင် မိုက်တိမိုက်ကန်းတွေ။သူတို့လမ်းလျှောက်ရင်း ဝင်လာကြတော့ ထူးထူးဆန်းဆန်းလင်းနွေယံကိုတွေ့လိုက်ရသည်။သူကဒီနေရာမှာနေတာကြာနေတဲ့ပုံစံနဲ့ အခြားလူတွေကို စားစရာတွေပေးနေခဲ့သည်။
''လင်းနွေယံ''
သူရကန်ရှင်းခေါ်လိုက်တော့ လင်းနွေယံကအသက်ကြီးကြီးလူတစ်ယောက်ကို စားစရာပေးနေရာမှ လှည့်ကြည့်လာသည်။
''ရောက်လာကြပြီလား...''
လင်းနွေယံကခေါင်ယုလျှံ ကိုတစ်ချက်ကြည့်ကာ မေးလိုက်သည်။သူရကန်ရှင်းကခေါင်းညိတ်ပြလိုက်တော့....
''သွားကြရအောင်''
ဟုဆိုကာအရှေ့မှထွက်သွားသည်။
လင်းနွေယံကတစ်လမ်းလုံးကလူတွေနဲ့သိနေသည်။
ဒါကနည်းနည်းတော့ထူးဆန်းတယ်။လင်းနွေယံကိုဒီလူအကြောင်းစုံစမ်းခိုင်းတော့ နောက်တစ်နေ့ရောက်တာနဲ့သိလိုက်ရသည်။တော်တော်မြန်တာမို့လို့ သူအံ့သြမိပေမယ့် လင်းနွေယံရဲ့အရည်ချင်းလို့ပဲ တွေးလိုက်မိသည်။အခုလင်းနွေယံပုံစံက ဒီပတ်ဝန်းကျင်နဲ့တော်တော်ရင်းနှီးနေသည်။
ESTÁS LEYENDO
သူမမြင်နိုင်သော(U+Z)( Completed )
Historia Cortavillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
