Uni
——
ရက်တွေကလတွေဖြစ်လာတယ်။လတွေက နှစ်တွေဖြစ်လာတယ်....။ဒါပေမယ့် အဲဒီနေ့ ရက် လ နှစ် တွေက ခေါင်ယုလျှံ ပြန်ရောက်လာတဲ့ အချိန်တွေတော့ မဖြစ်ခဲ့ဘူး....။
ခေါင်ယုလျှံ မရှိတော့တဲ့နောက်ပိုင်း သူရကန်ရှင်းက ခေါင်ယုလျှံ အကြောင်းတွေကို စုံစမ်းရင်းနဲ့ အချိန်တွေကို ကုန်ဆုံးနေခဲ့သည်။
အဲ့ဒါမှ အနားမှာ ခေါင်ယုလျှံအမြဲရှိနေသလို ခံစားရပြီး သတိရတဲ့ စိတ်တွေခဏလောက်ပဲဖြစ်ဖြစ်နည်းနည်း သက်သာတယ်ဆိုရုံလေး သက်သာသွားလို့...။
ဒီနှစ်တွေအတွင်း သူရကန်ရှင်း မသိခဲ့တဲ့ ခေါင်ယုလျှံရဲ့ အကြောင်းအရာအချို့ကို သိခဲ့တယ်။
တိတိကျကျပြောရရင် ခေါင်ယုလျှံက ဘာလို့ ယောကျာ်းတစ်ယောက်ကို ခ်စ္မိတာကို ကိုယ့်ကိုယ်ကိုယ် ဝန်ခံဖို့ခက်ခဲရလည်း ဆိုတာမျိုးပေါ့။
သူရကန်ရှင်း လင်းနွေယံနဲ့အတူ စွမ်းဒီပါရှိန်ကို သွားတွေ့ခဲ့တုန်းက သိလိုက်ရတာဖြစ်သည်။
"အစ်ကို သူရကန်ရှင်း.... "
သူ့ကိုပြုံးကာ ခေါ်နေသော စွမ်းဒီပါရှိန်ရဲ့မျက်နှာက တော်တော်ကိုလန်းဆန်းနေသည်။
သူရကန်ရှင်းလည်း ခေါင်းညိတ်ပြလိုက်ပြီး...
"အဆင်ပြေတယ် မဟုတ်လား.."
စွမ်းဒီပါရှိန်က ပိုတောင်နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလာသည်။
"ထင်ထားတာထက် ပိုပြီး ပေါ့ပါးသွားစေပါတယ်....ကျွန်တော် တကယ် လွတ်လပ်သလို ခံစားရတယ်..."
တကယ်လည်း အရင်ကစွမ်းဒီပါရှိန်နဲ့ အခုစွမ်းဒီပါရှိန်က လုံးဝကိုမတူတော့သလိုပဲ....။အရင်တုန်းကဆို ဒီလိုပေါ့ပေါ့ပါးပါးမျိုးမဟုတ်ဘဲ အမြဲတမ်းတစ်ခုခုကခြောက်လန့်နေသလိုမျိုး လေးလံထိုင်းမှိုင်းနေတတ်သည်။
စွမ်းဒီပါရှိန်က လင်းနွေယံကို ကြည့်ပြီး....
"မောင် ....အဆင်ပြေတယ် မဟုတ်လား..."
လင်းနွေယံက ငိုတော့မယ့် လေသံဖြင့်ပြန်ဖြေသည်။
"ကျွန်တော် အရမ်းလွမ်းနေပြီ....ပြီးတော့ ကိုကို့ကို စောင့်ရှောက်ဖို့ အဆင်သင့်ဖြစ်နေပြီ...."
ВЫ ЧИТАЕТЕ
သူမမြင်နိုင်သော(U+Z)( Completed )
Короткий рассказvillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
