Part~13 (Z+U)

5.3K 463 11
                                    

Uni
------
universe၏ အစည်းဝေးခန်းထဲတွင်။

''ကျွန်တော်တို့ ခေါင်ယုလျှံကို ဒီပရောဂျက်အတွက်ဆွေးနွေးဖို့ ပြောခဲ့ပေမယ့်လာမတွေ့ခဲ့ပါဘူး။သူ့အနေနဲ့ ဒီကိစ္စကိုလုံးဝစိတ်မဝင်စားတာ ဖြစ်နိုင်ပါတယ်။ကျွန်တော့်အစ်ကိုကလည်း စီးပွားရေးကို စိတ်မဝင်စားခဲ့ဘူးလေ''

ရုတ်တရက် ဘာမှပြန်မပြောနိုင်ခဲ့ကြ။သူတို့က ခေါင်ယုလျှံကို ထောက်ခံခဲ့ပေမယ့် ခေါင်ယုလျှံကိုယ်တိုင်က စိတ်မဝင်စားရင်သူတို့လည်း ဘာမှမလုပ်နိုင်ကြဘူးလေ။

''ဒါဆိုရင် ဒီပေရာဂျက်ကို စွမ်းဒီပါရှိန်ကိုလွဲပေးဖို့ဘဲ့ ဆုံးဖြတ်ပြီး meetingစကြတာပေါ့''

အားလုံးက သဘောတူလိုက်ကြသည်။လင်းရောင်ရှိန်က ခပ်မဲ့မဲ့ပြုံးလိုက်သည်။ခေါင်ယုလျှံက အခုဆိုရင်အသံတိတ်လမ်းပေါ်မှာ သေနေလောက်ပြီ။သူရကန်ရှင်းရောပေါ့။

သူရကန်ရှင်းကို တိုက်ရိုက်တိုက်ခိုက်ရင် မအောင်မြင်မှာ သိနေလို့ခေါင်ယုလျှံကို အရင်ပစ်ခိုင်းခဲ့တာ။ဒါဆိုသူရကန်ရှင်းက ခေါင်ယုလျှံကို ကာကွယ်ပေးရင်း ဒဏ်ရာရသွားနိုင်ပြီး ဆက်ကာကွယ်ပေးနိုင်တော့မှာမဟုတ်။အဲ့လိုဆို ခေါင်ယုလျှံကိုသတ်ဖို့က လွယ်လွယ်လေးဖြစ်သွားပြီ။

ဒါပေမယ့်လည်း သူကဦးလေးမို့လို့ ကိုယ့်တူကိုမသေစေချင်သေးပါ။တစ်သက်လုံး ဒုက္ခိတဖြစ်သွားရင် လုံလောက်ပါပြီလေ။မတော်လို့ သေသွား ရင်တော့ ခေါင်ယုလျှံရဲ့အကုသိုလ်ကံကြောင့်ပဲလို့ သတ်မှတ်လိုက်ရမှာပေါ့။

ခေါင်ယုလျှံက သူရကန်ရှင်းမရှိတဲ့အခြေနေဖြင့် ဘာမှပြန်လုပ်နိုင်တော့မှာမဟုတ်။လုပ်ကြံခိုင်းခဲ့တဲ့လူတွေကိုလည်း ခေါင်ယုလျှံကို ရှင်းပြီးတာနဲ့ ထပ်မဆက်သွယ်လာစေဖို့ ပိုက်ဆံပုံပေးခဲ့ပြီးသား။မအောင်မြင်ရင် အကြောင်းကြားလာလိမ့်မည်။အောင်မြင်ရင်တော့ ပါးစပ်ပိတ်နေကြလိမ့်မည်။အခုထိမဆက်သွယ်လာသေးရင်တော့ ဒါကအောင်မြင်ခဲ့ကြောင်း သေချာသည်။

''ဒါဆိုရင်..meetingစကြရအောင်''

''ခဏလေး...''

သူပြောပြီးမကြာခင်မှာပဲ အသက်ကြီးကြီးလူတစ်ယောက်က meetingခန်းထဲဝင်လာသည်။ပြီးတော့နောက်ထပ် လူတစ်ယောက်ဝင်လာသည်။

သူမမြင်နိုင်သော(U+Z)( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ