Extra(1)(Z+U)

8.9K 444 89
                                        

Uni
——
Warning: လက်ထပ်ပြီးသားအခြေနေမို့ အချို့စကားတွေက ပွင့်လင်းသည်။အမှောင်တော့ မဟုတ်ပါ။

အရာအားလုံးအဆင်ပြေတယ်ဆိုတာမျိုးက အမြဲတမ်းရှိမနေပါဘူး။

ခေါင်ယုလျှံတစ်ယောက် ပြန်ရောက်လာတာနဲ့ လုပ်ချလိုက်တဲ့လုပ်ရပ်က အခုချိန်ကိုသက်ရောက်မှုရှိစေသည်။

DARKကိုအကူညီတောင်းပြီး သွေးစက်ကို groupတစ်ခုလုံးလွဲပြောင်းခိုင်းပြီးတဲ့နောက် DARKက သူတို့ဘဝထဲကို ဝင်စွက်ဖက်ခြင်းမရှိတော့ဘဲ လုံးဝပျောက်ကွယ်သွားတော့သည်။

ပြဿနာက...သွေးစက်။

သူ့မှာ ကူလည်းကူညီ ရသေးတယ်။ မီးလျှံ ကောင်းကျိုးမပေးလေးက ပြန်လာဆိုပြန်လာချင်း ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ groupကြီးကိုပါ အပိုင်ပေးသွားသေးသည်။သူ့ဘက်က ကြည့်ရင်လည်း ဒါက အရမ်းကို စိတ်ဆိုးစရာကောင်းနေတာကတော့ အမှန်။

ဒါကြောင့် သူရကန်ရှင်းက ကြားထဲကနေ အဆင်ပြေအောင် သွေးစက်ခိုင်းတာလုပ်နေရသည်။

ခေါင်ယုလျှံကတော့ စာရေးဆရာအလုပ်ကို ဆက်လုပ်နေကာ ကမ္ဘာကြီးက သူနဲ့နည်းနည်းလေးမှမသက်ဆိုင်တော့သလို အေးဆေးတည်ငြိမ်လျက်....။

နေ့ဘက်တွေမှာ စာရေးလိုက်၊စာဖတ်လိုက်၊သူရကန်ရှင်းအတွက် ချက်ပြုတ်ပေးလိုက်နဲ့..သူ့လောက် ငြိမ်းချမ်းနေတာ ဘယ်သူမှမရှိ။

သူရကန်ရှင်းက သွေးစက်ကြောင့် ကျောင်းဆရာလုပ်နေရသည်။သွေးစက်ရဲ့ အသည်းသက်လေး တက်နေတဲ့ကျောင်းမှာ သွေးစက်ကစိတ်မချလို့ဆိုတဲ့အကြောင်းပြချက်နဲ့ သူရကန်ရှင်းကို ကျောင်းဆရာလုပ်ကာ စောင့်ရှောက်ခိုင်းသည်။

သူရကန်ရှင်းမှာ ကျောင်းဆရာ လုပ်ရန် စာတွေတောင် ပြန်လေ့လာခဲ့ရသည်။

ညနေဘက် သူရကန်ရှင်းအလုပ်က ပြန်လာပြီဆိုရင်တော့ အဲဒီချိန်ကနေ နောက်နေ့ အလုပ်ပြန်သွားတဲ့အချိန်ထိ ခွဲမရ၊ခွာမရနဲ့ ပူးပူးကပ်ကပ်နေတတ်သည်။

တစ်နေ့...။

သူရကန်ရှင်း ကျောင်းမှာအစည်းဝေးပွဲရှိနေတာကြောင့် ကျောင်းကိုအစောကြီးသွားရတော့ စာသင်သွားရင် ယူနေကြစာအုပ်က အိမ်မှာကျန်ခဲ့သည်။

သူမမြင်နိုင်သော(U+Z)( Completed )Dove le storie prendono vita. Scoprilo ora