Part~18 (Z+U)

5.8K 416 15
                                        

Uni
——
သူရကန်ရှင်း လွန်ခဲ့တဲ့နှစ်တွေက ခေါင်ယုလျှံရဲ့ သတင်းတွေကို တင်ခဲ့တဲ့လူတွေနဲ့ပတ်သက်ပြီး အသေးစိတ် ပြန်စစ်ဆေးနေသည်။

ပြီးတော့ဦးငြိမ်းလရောင်ကို တရားစွဲထားတဲ့တရားလိုတွေနဲ့ပတ်သက်ပြီးတော့ရော အချက်လက်တစ်ခုချင်းစီကို ပြန်ကြည့်နေသည်။

သူသတိထားမိသွားတာက အဲဒီအချိန်တုန်းက တင်ခဲ့ တဲ့ သတင်းတစ်ပုဒ်ကို။

-ခေါင်ယုလျှံက အမှတ်အများဆုံးရတာ ဖခင်ဖြစ်သူကြောင့်လို့ တရားလိုတစ်ယောက်ကပြောဆို-

ထိုအချိန်တုန်းက တရားလိုတစ်ယောက်က ထွက်ဆိုခဲ့တာမှန်ပေမယ့်လည်း သက်သေမရှိ၍အဲဒီအမှုက မဖြစ်မြောက်လိုက်။ဒါပေမယ့်အချိန်က လွဲနေသည်။သတင်းထွက်ခဲ့တဲ့အချိန်က တရားရုံးထဲက အချိန်ထက်ပိုတောင် စောနေသေးသည်။တရားလိုကတော့အသံတိတ်လမ်းကဦးသန်နီ။

သူရကန်ရှင်း မျက်မှောင်ကျုံ့လိုက်မိသည်။မသင်္ကာစရာအချက်ဆိုပေမယ့်လည်း ဒါကြီးကသိသာလွန်းနေသလိုပဲ။

သူအတွေးလွန်နေတုန်းခေါင်ယုလျှံဆီက ဖုန်းဝင်လာသည်။

''ဟယ်လို ခေါင်ယုဘာဖြစ်လို့လဲ''

''ရှင်း....ကိုယ့်ကိုလာကယ်ပါဦး''

သူရကန်ရှင်း လက်ထဲက စာရွက်တွေတောင် လွတ်ကျကုန်သည်။ရုတ်တရက် နှလုံးခုန်နှုန်းတွေတောင် မြင့်တက်လာသည်။

''ခေါင်ယုဘာဖြစ်လို့လဲ။...မင်းအခုဘယ်မှာလဲ''

''လေးလေးအိမ်''

တဖက်ကဖုန်းကျသွားသည်။

''ဟယ်လို .ခေါင်ယု ...။ခေါင်ယုလျှံ!!!!''

သူစာရွက်တွေကိုတောင်ပြန်မကောက်နိုင်ဘဲဦးလင်းရောင်ရှိန်အိမ်ကို အမြန်ပြေးလာမိသည်။ခေါင်ယုသာ ထိခိုက်သွားရင်ဆိုတဲ့အတွေးက သူ့ကိုအသက်တောင်ကောင်းကောင်းမရှူစေပါ။

ဦးသန်နီပြောခဲ့သော ခေါင်ယုလျှံက ဦးငြိမ်းလရောင် အာဏာအလွဲသုံးစားလုပ်တယ်ဆိုပြီး ထွက်ဆိုခိုင်းခဲ့တာဆိုတဲ့အချက်ကိုလည်း သူမေ့နေခဲ့သည်။

ခေါင်ယုလျှံက ဖုန်းချလိုက်ကာ မပီမသပြုံးလိုက်သည်။

''အိမ်ထဲဝင်တော့မလား''

သူမမြင်နိုင်သော(U+Z)( Completed )Où les histoires vivent. Découvrez maintenant