Part~2 (U+Z)

14.9K 881 5
                                    

Uni
------
သင်တန်းပြီးသွားပြီမို့ သူရကန်ရှင်း အိမ်ပြန်ဖို့ပြင်နေတုန်း ဆရာတစ်ယောက်က ခေါင်းဆောင်ကတွေ့ချင်နေတယ် လို့လာပြောသောကြောင့် ခေါင်းဆောင်နေသော အဆောင်ဆီလိုက်လာခဲ့သည်။

ခေါင်းဆောင်ဆိုတာ DARKသင်တန်းကျောင်းကို တည်ထောင်သူဖြစ်ပြီး ခေါင်းဆောင်နာမည်ကလည်း DARKပဲဖြစ်သည်။ခေါင်းဆောင်နေသောအဆောင်နာမည်ကလည်း DARKပဲ။

"ခေါင်းဆောင် စောင့်နေပါတယ် သူရကန်ရှင်း"

ဆရာကပြောပြီးအဆောင်ပြင်ပြန်ထွက်သွားသည်။သူရကန်ရှင်းလည်း ယဉ်ကျေးမှုအရ တံခါးခေါက်ပြီးဝင်သွားလိုက်သည်။

အဆောင်ထဲဝင်လိုက်တာနဲ့ လူတစ်ယောက်ခုံပေါ်တွင်ထိုင်နေတာ ကိုတွေ့လိုက်ရသည်။သူ့တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားကာ အဆောင်မီးကိုလည်း ခပ်မှောင်မှောင် ထွန်းထားသည်။နာမည်နဲ့အလိုက် အမှောင်ကြိုက်တဲ့လူပင်။

"ဘာလို့ငြင်းတာလဲ"

သူရကန်ရှင်းတွေးနေတုန်း ခေါင်းဆောင်ကမေးလာသည်။ခေါင်းဆောင်မေးချင်တာက သူရကန်ရှင်းက သင်တန်းကစောင့်ရှောက်ခိုင်းသောလူအားလုံးကို ငြင်းလိုက်သောကြောင့်ဖြစ်သည်။ငြင်းမှာပေါ့။သူရကန်ရှင်းစောင့်ရှောက်ချင်တာ ခေါင်ယုလျှံ တစ်ယောက်တည်းကိုလေ။ဒါပေမယ့် ခေါင်ယုလျှံက စောင့်ရှောက်ရေးသမားလာ မငှါးမှာသေချာသည်။ဒါကြောင့် သူကြည့်တောင်မကြည့်ဘဲ ငြင်းခဲ့တာဖြစ်သည်။

"ကျွန်တော် စောင့်ရှောက်ချင်တဲ့လူ မရှိလို့ပါ"

သူ့စကားဆုံးတာနဲ့ ခေါင်းဆောင်က စာရွတ်တစ်ထပ် ပြစ်ပေးကာ...

"ကြည့်ပြီးမှ ပြော"

သူကြည့်လိုက်တော့ စောင့်ရှောက်ရေးသမားတွေကို လာငှါးထားတဲ့ လူတွေရဲ့ ဖိုင်တွဲတွေဖြစ်နေသည်။ဖိုင်တွဲထဲမှာ ထိုလူတွေရဲ့ ကိုယ်ရေးအချက်လက်အချို့အပြင် စောင့်ရှောက်ရေးသမားတွေကိုပေးမည့် လစာပမာဏ ကိုပါ ပြထားသည်။

သူငြင်းလည်းရမည် မဟုတ်သောကြောင့် ဖိုင်တွဲတွေကို အသေချာကြည့်ရန်ဆုံးဖြတ်လိုက်သည်။ခေါင်းဆောင်ကလည်း ရှင်းရှင်းလင်းလင်းမြင်အောင်မီးဖွင့်ပေးလာသည်။

သူမမြင်နိုင်သော(U+Z)( Completed )Donde viven las historias. Descúbrelo ahora