Part~19 (Z+U)

5.1K 382 12
                                    

Uni
–—–
"ရှင်း...ကိုယ်မင်းကို တောင်းဆိုစရာရှိတယ်''

ခေါင်ယုလျှံက အလေးအနက်ပြောလာသည်။

''ဘယ်လို အခြေနေမျိုးမှာပဲဖြစ်ဖြစ်...မင်းကိုယ့်ဘက်မှာရှိနေပေးပါ''

သူရကန်ရှင်းပြုံးမိသည်။ဒါက တောင်းဆိုစရာတောင်မလိုတာကို ဒီခေါင်ယုလျှံကမသိ။

သူရကန်ရှင်းဆိုတာ..ခေါင်ယုကိုနားမလည်နိုင်တာတောင် ခေါင်ယုလျှံလုပ်တာ အကုန်မှန်တယ်ဆိုပြီး စုံလုံးမှိတ်ယုံတဲ့လူ။

သူရကန်ရှင်းခေါင်ယုလျှံကို အတည်ကြည် အလေးနက်ဆုံးလေသံဖြင့်ပြောလိုက်သည်။

''မင်းမှားနေရင်တောင်...ငါကမင်းနဲ့အတူ လိုက်မှားပေးမယ်''

ခေါင်ယုလျှံက သူရကန်ရှင်းကို ဒီအတိုင်းဘာအမူရာမှမပါဘဲကြည့်နေသည်။ခဏကြာတော့မှ ပင်လယ်ဘက်အကြည့်လွဲလိုက်ကာ....

''အားလုံးပြီးသွားတဲ့အချိန်ထိ...မင်းကိုယ့်ဘက်မှာရှိနေဦးမယ်ဆိုရင်...ကိုယ်မင်းကိုပြောချင်တဲ့စကားရှိတယ်။''

''....''

အမှန်တော့ခေါင်ယုလျှံသူ့ကို မပြောပြဘဲချန်ထားတာတွေရှိတာ သူသိနေပါသည်။ခေါင်ယုလျှံကို အမြဲအလေးနက်ထားတတ်တဲ့လူက မသိဘဲနေမလား။တမင်မပြောချင်တဲ့အကြောင်းတွေကို အတင်းမမေးချင်ပါ။မဟုတ်မှလွဲရော သူချန်ထားတဲ့စကားတွေကိုပြောပြမှာလား။

ခေါင်ယုလျှံက ငေးကြောင်နေသော သူရကန်ရှင်းကိုပြုံး၍ပြန်ကြည့်ကာ...

''ကိုယ့်ကိုစောင့်နေပေးပါ''

စောင့်ရမယ်!။

''ဘယ်အချိန်ကိုစောင့်ရမှာလဲ...''

ခေါင်ယုလျှံကပြုံးလိုက်ကာ သူရကန်ရှင်းပါးကိုဆွဲလိုက်သည်။အတွေးလွန်နေပုံက အသည်းယားစရာ။

ဒီသူရကန်ရှင်းက ခေါင်ယုလျှံကိုသာ က​လေးလို ဂရုတစိုက်လုပ်နေတာ ကိုယ်တိုင်က ကလေးလိုဖြစ်နေတာတော့ သိပုံမပေါ်။ခေါင်ယုလျှံက သူရကန်ရှင်းဆံပင်တွေကိုပြုံးလျက်ဆွဲဖွပစ်လိုက်ရင်း...

''စကားကောင်းဆိုတာ ဈေးမပေါရဘူး။အချိန်ကောင်းစောင့်ရမယ်''

သူမမြင်နိုင်သော(U+Z)( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ