Part~23 (Z+U)

5.2K 386 15
                                        

Uni
--
ဘယ်သူကမှ ဗီလိန်ဖြစ်ဖို့မွေးဖွားလာခဲ့တာ မဟုတ်ပါဘူး။အမျိုးမျိုးသော ဖိအားတွေ၊အကြောင်းရင်းတွေက လူတစ်ယောက်ရဲ့ နှလုံးသားကို အရောင်ဆိုးခဲ့လို့သာ....။တကယ်လို့ လူတွေကသာ တန်းတူဆက်ဆံပေးခဲ့မယ် ဆိုရင်လေ......။

"ဖိုးဖိုး သားသူ့ကို မွေးနေ့လက်ဆောင်အဖြစ် လိုချင်တယ်..."

ငြိမ်းလရောင်က တစ်ဦးတည်းသော သားဖြစ်သည်။ဒါကြောင့်သူက ညီလေးတစ်ယောက်အမြဲလိုချင်ခဲ့သည်။အခုတော့ သူ့မွေးနေ့မှာ မိဘမဲ့ဂေဟာတွင်အလှူလုပ်နေတုန်း အဖိုးဖြစ်သူက မွေးနေ့လက်ဆောင် ကြိုက်တာတောင်းဆိုလို့ သူ့မျက်လုံးထဲဝင်လာသော ပါးချိုင့်လေးနဲ့ ဖြူဖြူလုံးလုံး ကောင်လေးတစ်ယောက်ကို မွေးစားရန်ပြောလိုက်သည်။

အဖိုးဖြစ်သူက သဘောတူလိုက်ပေမယ့် အဖေနဲ့အမေကတော့ သိပ်သဘောကျပုံမပေါ်ပါ။ဒါပေမယ့်လည်း ဘာမှဝင်မပြောကြ။အိမ်တွင် အဖိုးဖြစ်သူက ဩဇာ အပြင်းဆုံးမို့ ဘယ်သူကမှ အထွန့်တက်မရဲပါ။

ဒီလိုနဲ့ လင်းရောင်ရှိန်ဆိုတဲ့ ဖြူဖြူလုံးလုံးလေးသည် ငြိမ်းလရောင်ဘဝထဲရောက်လာခဲ့သည်။

လင်းရောင်ရှိန်ကိုမွေးစားခဲ့ပြီးနောက် သူတို့အိမ်ပြောင်းခဲ့သည်မို့ လင်းရောင်ရှိန်ကမွေးစားသား ဆိုတာကို လူအနည်းစုသာသိသည်။သိရတဲ့အကြောင်းရင်းကလည်း ငြိမ်းလရောင်ရဲ့ အဖေနဲ့အမေကြောင့်..။

မွေးစားမယ်ဆိုကတည်းက သိပ်သဘောမကျသောသူတို့က အဖိုးကြောင့် အရှေ့တွင်တော့ ဘာမှမပြောကြပေမယ့် နောက်ကွယ်တွင်တော့....

"ဘယ်လို ဟာတွေကမွေးထားမှန်လည်းမသိဘဲ အိမ်ခေါ်လာတာ ဟိုကကိုယ်အဆင့်ကိုယ်မသိဘဲ မတန်မရာလောဘတက်လာရင် ဘယ်လိုလုပ်မလဲ"

"ငယ်သေးလို့ နားမလည်ပေမယ့် ကြီးလာရင်တော့ ပြောလို့မရဘူးလေ။သားကလည်း ဒီလိုဟာကို ကာကွယ်ပေးနေလိုက်တာ...။ငယ်ကတည်းက မူရာမာယာကလည်းများပါ့"

ငယ်သေးလို့ အလုံးစုံသဘောမပေါက်ပေမယ့်လည်း ဒီစကားတွေက 3နှစ်အရွယ်ကလေးရဲ့ နှလုံးသားကိုတော့ ဒဏ်ရာဖြစ်စေခဲ့သည်။ဒီအိမ်ထဲမှာ ငြိမ်းလရောင်နဲ့ အဖိုးဖြစ်သူကလွဲရင် ကလေးငယ်က ဘယ်သူနဲ့မှစကားမပြောရဲပါ။အိမ်ကအလုပ်သမားတွေကအစ နောက်ကွယ်တွင် မျက်မုန်းကျိုးစွာပြောဆိုတာကို နှလုံးသားနုနုငယ်က ခံခဲ့ရသည်။

သူမမြင်နိုင်သော(U+Z)( Completed )Opowieści tętniące życiem. Odkryj je teraz