Uni
-------
ကောင်လေးအမေးကို သူရကန်ရှင်းခေါင်းခါပြကာ ပြန်ဖြေလိုက်သည်။မသိဘူးဆိုတဲ့သဘော။
ကာရန်လိုင်းက ထိုကောင်လေးကိုမေးငေါ့ပြကာ...
''ကိုကို သူကလှိုင်းအပေါ်မှာ အကြွေးတင်နေတဲ့ လူတစ်ယောက်ပဲ။ကိုကို အကူညီလိုရင် သူကူညီပေးလိမ့်မယ်''
ကာရန်လိုင်းစကားဆုံးတော့ ထိုကောင်လေးကခေါင်းညိတ်ကာ ထောက်ခံလိုက်ပြီး.....
''အစ်ကို အကူညီလိုတာမှန်သမျှ အချိန်မရွေးပြောပါ။ကျွန်တော် တတ်နိုင်သမျှ ကူညီပါ့မယ်"
သူရကန်ရှင်းထိုကောင်လေးစကားကြောင့် ထိုကောင်လေးကို သေသေချာချာကြည့်လိုက်သည်။ဒီကောင်လေးရုပ်ရည်က မိန်းကလေး တစ်ယောက်နဲ့တူလွန်းနေသည်။ပြီးတော့နုနုနယ်နယ်လေး။ဒါပေမယ့်လည်း လူတစ်ယောက်ကို အမြင်နဲ့မဆုံးဖြတ်သင့်တာကြောင့် သူရကန်ရှင်းတိကျသေချာအောင် မေးကြည့်လိုက်သည်။
''မင်း...ဘာလုပ်တတ်လဲ''
"ကျွန်တော့်ပုံစံကြောင့် ယုံပါ့မလားမသိပေမယ့် လူကိုရိုက်တဲ့နေရာမှာတော့ တော်တော် ကျွမ်းကျင်ပါတယ်။ပြီးတော့ နောက်ယောင်ခံလိုက်တာကတော့ ကျွန်တော် အကျွမ်းဆုံးပါ"
ကောင်းရော။ဒီနေ့က ဘာဖြစ်နေတာလဲ။ဒီလို လူကိုဘယ်လိုယုံပြီး အကူညီတောင်းရမလဲ။ဒီနေ့တစ်နေ့လုံးက စိတ်တိုင်းမကျချင်စရာ။
''ကိုကို သူကလူကောင်းတစ်ယောက်ပါ။ယုံလို့ရတယ် လှိုင်းပြောတာယုံ''
ကာရန်လိုင်းကလည်း အတိကျထောက်ခံနေသောကြောင့် သူရကန်ရှင်းစိတ်ရှုပ်လာသည်။
"ဘာလို့လဲ လိုင်း"
''အာ သူ့နာမည်ကလင်းနွေယံလေ''
လင်းနွေယံက မိဘမဲ့တစ်ယောက်။နောက်ယောင်ခံလိုက်တာ တော်လွန်းလို့ သူရကန်ရှင်းကိုယ်တိုင်တောင် အံ့သြရသည်။လင်းနွေယံက သူ့ကိုနောက်ယောင်ခံလိုက်ဖူးသည်။အကြောင်းရင်းက သူရကန်ရှင်းကိို သင်တန်းကျောင်းရဲ့ပထမနေရာကနေဖြုတ်ချနိုင်ဖို့ တစ်စုံတစ်ယောက်က ခိုင်းထားခြင်း။
ESTÁS LEYENDO
သူမမြင်နိုင်သော(U+Z)( Completed )
Historia Cortavillain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end date -21.5.2023
