🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-1
=====ပန်းတော်ဝင်.စံအိမ်..၊
စံအိမ်က ကြီးမားသလို..ပန်းတော်ဝင်ဆိုတဲ့အတိုင်း..တစ်ခြံလုံး ပန်းတွေနဲ့ ဝေဝေဆာနေသည်။နောက်ဖက်..ခြံတစ်ခုလုံးက ပန်းမျိုးစုံနဲ့ လှပမွှေးကြိုင်နေသည်။
ပန်းတော်ဝင်ဆိုရင် မသိသူမရှိသလို မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စရင်းထဲတွင် ပါဝင်သည်။
ထိုစံအိမ်ကို ပိုင်ဆိုင်သူက ဦးထွဋ်ခေါင်ဖြစ်ပြီး..သူ့မှာ လှပချောမောသော..ဇနီး ဒေါ်ထိပ်တင် ရှိသည်။
ချမ်းသာပြီး ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုတွင်..သားသမီးရတနာ မရရှိခဲ့။
ထို့ကြောင့် နိုင်ငံကျော်သားဖွားပါရဂူတွေနဲ့အမျိုးမျိုး စမ်းသပ်လိုက်နာပြီးနောက်တွင်...ဝမ်းသာစရာ ကိုယ်ဝန် အမွှာလွယ်နိုင်ခဲ့သည်။
"တင်..ကိုယ် အရမ်းဝမ်းသာတာပဲ..ပြီးတော့ မင်းကို ကျေးဇူးတင်တယ်.."
သားသမီးလဲရ၊လင်ယောက်ျားဆီကလည်း..အချစ်ခံရသူမို့ ဒေါ်ထိပ်တင်ဘဝတွင်တော့ အပျော်ရွှင်ဆုံးဖြစ်သည်။
နေ့ရက်မှန်.ပါရဂူနဲ့လင်မယားနှစ်ယောက်လုံး..သွားပြကြသည်။
သို့သော်...၊
ပါရဂူဦးစောက..မျက်နှာမကောင်း..၊
"ဒေါက်တာ ကျွန်တော်မိန်းမ တစ်ခုခုဖြစ်လို့လား.."
"ဟုတ်ကဲ့ ကျွန်တော်ရှင်းရှင်းလင်းလင်းပြောပါရစေ..ထိပ်တင်အမွှာမွေးဖို့မလွယ်ဘူး.."
"ရှင်.."
ဒေါ်ထိပ်တင် မျက်လုံးချာချာလည်သွားသည်။
"ဒါ..ဒါဆို ကလေးတွေက.. "
"စိတ်မပူပါနဲ့ ကျွန်တော်ပြောတာ သေချာနားထောင်ပေးပါ..မိခင်က မကျန်းမာတာကြောင့်..ကလေးတစ်ယောက်ပဲမွေးနိုင်မယ်..ဒါကြောင့် တစ်ယောက်ကိုချန်ပြီးတစ်ယောက်ကိုမွေးရမှာပါ.."
"ကလေးတစ်ယောက်က သေရမှာလား.."
"မသေပါဘူး မိခင်ပြန်ကျန်းမာတဲ့အခါ ကိုယ်ဝန်ပြန်လွယ်ပြီး..ပြန်မွေးလို့ရပါတယ်.."