🌸 ပန်းတစ်ပွင့်ရဲ့ ရာဇဝင် 🌸
====================
Part-11
======"မင်းတိမ်တိုက်.."
"အေး. ငါပဲ.."
တိုက် စိတ်တိုစွာ အော်လိုက်ပြီး..ကြိုးလက်ကို ဆုပ်ကိုင်လိုက်သည်။
"ဟင့်အင်း.."
"ဘာကိုငြင်းနေတာလဲ.."
"ရှင့်နောက်ကိုမလိုက်ဘူး.."
မလိုက်ဘူးဆိုပြီး ကြိုးက..တိုက်ဆွဲခေါ်ရာကို ပါသွားပြီဖြစ်သည်။
ကြိုး ရောက်နေတဲ့ နေရာကို ဝေ့ကြည့်လိုက်သည်။စင်တာထဲမှာလည်း ဒီလိုမျိုး နေရာရှိတယ်ပေါ့..၊
ကြိုးရှေ့ကို ကော်ဖီပူပူလေး တိုက် ချပေးပြီး..သူပါ တစ်ဖက်ဆိုဖာတွင် ဝင်ထိုင်သည်။
"သောက်လိုက် "
"ဒါက ဘယ်နေရာလဲ.."
"ငါ့ရုံခန်း.."
"ရှင်က.."
"Sky စျေးဝယ်စင်တာတွေက..sky groupရဲ့ပိုင်ဆိုင်မှုတွေ ငါက ဒုဥက္ကဌ.."
ကြိုးရဲ့အံသြတဲ့မျက်လုံးအကြည့်တို့ရောက်လာတော့ တိုက် ခေါင်းလေးမော့ထားလိုက်သည်။
ကြွားရကျိုးနပ်တဲ့သဘော။"မင်း လူအလယ်မှာ ဘာလုပ်နေတာလဲ.."
"ဒီလိုပဲ သူငယ်ချင်းမရှိတော့လို့.."
"ဘယ်သူလဲ မင်းကြယ်လား.."
ကြိုး..မျက်ဝန်းတို့ တိုက်ဆီ တအံတသြရောက်လာပြန်သည်။
"ရှင်နဲ့မဆိုင်ပါဘူး..ပြီးတော့ ဟိုနေ့ကရော၊ဒီနေ့ရော ကျေးဇူးတင်ပါတယ်.."
ကြိုးပြောပြီး ထရပ်လိုက်သည်။
"ပန်းကကြိုး "
"သိပါတယ် နောက်ဆို ရှင့်ရှေ့ပေါ်မလာတော့ပါဘူး.."
"မဟုတ်ဘူး "
"ဟုတ်ပါတယ် ရှင့်ရှေ့ရောက်လာမိတဲ့ကျွန်မအမှားပါ.."
သူမ ပြောချင်တာပဲ ပြောနေတဲ့ကြိုးကြောင့် တိုက် စိတ်တိုလာသည်။
"မင်းထက်အသက်ကြီးတဲ့ငါ့ကို မင်းစကားပြောတာ ရိုင်းလှချည်လား.."
"မသိဘူး ကြိုး အဲလိုမျိုးပြောတတ်တယ်.."
"ငါ တစ်ခုပဲ မေးမယ် အမှန်အတိုင်းဖြေ.."