🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-14
======"တီ.."
တိုက် သူ့ခြံရှေ့ကားရပ်လိုက်သည်နဲ့..ကြိုးက တစ်ဖက်ကနေ ဖွင့်ဆင်းသည်။ထို့နောက်..တိုက်ရှိတဲ့ဖက်ကိုလျောက်လာရင်း..၊
"ကျေးဇူးတင်ပါတယ် သူဌေး "
ကြိုး ပြောပြီး ထိုနေရာမှ ထွက်ခွာသည်။တိုက် ဝေခွဲမရဖြစ်သွားကာ၊
"ဘယ်လဲ ဘယ်ကိုသွားမလို့လဲ.."
"တည်းခိုးခန်း.."
"ဘာ.."
တိုက် ဘာသံကြောင့် ကြိုးက နားမလည်စွာ မော့ကြည့်သည်။
"ဘာဖြစ်လို့လဲ.."
"မင်းကို ငါခေါ်လာတာလေ..ဘာလို့အခြားကို သွားမှာလဲ.."
"အော် ခုနက..ကူညီခဲ့တာကျေးဇူးတင်ပါတယ် ဒါပေမယ့် ရှင့်ကြောင့် ကြိုး အိမ်ပြန်မရတော့ဘူး.."
တကယ်ကြီးထွက်သွားသဖြင့် တိုက် ကမန်းကတမ်း လက်ကို လိုက်ဆွဲသည်။
"ငါနဲ့အတူနေ.."
"ဘာ.."
"မဟုတ်ဘူးလေ ငါ့အိမ်မှာ နေလို့ရတယ် ပြီးတော့..ခုနက မင်းအစ်မကိုပြောလိုက်တာက တကယ့် စိတ်ရင်း "
"ဟင် "
"ဘာဘာညာညာ တွေးမနေနဲ့ ဒီအတိုင်း လိုက်လာလို့ရတယ်.."
"လွှတ်ပါ ကိုယ့်ဘာသာလိုက်လာခဲ့မယ်..လူကိုဆွဲလားရမ်းလား ပြီးတော့ အဲ..ရှင်ပဲအမျိုးမျိုးလုပ်တာ.."
"ဟိုနေ့က နမ်းလိုက်တာကြောင့် စိတ်ဆိုးတာလား "
ကြိုးမျက်နှာလေး ပန်းရောင်လွှမ်းသွားပေမယ့် ဘာမှမဖြစ်သလိုခေါင်းမော့လိုက်သည်။
"ဘာမှမဖြစ်ဘူး လူတိုင်းအမှားရှိကြတာပဲ ရှင်လည်းမှားမှာပဲလေ ကြိုးနားလည်တယ်.."
"မဟုတ်ဘူး အမှားမဟုတ်ဘူး..တကယ်နမ်းချင်လို့နမ်းတာ.."
"ရှင်ရှက်မနေနဲ့ပါနဲ့ ဒီအတိုင်းအမှားလေးလို့သတ်မှတ်လိုက်ပါ.."
ကြိုးကပြောပြီး ခြံထဲဝင်လာခဲ့သည်။သူမစိတ်ထဲမှာ တိုက်ကို တစိမ်းလို မခံစားရပဲ ကြောက်စိတ်လည်းမဝင်မိ။သို့သော် တိုက်က..နောက်ကကပ်လိုက်လာပြီး..၊