🌸ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
===================
Part-19
======"Sky group ရဲ့ မော်ဒယ် ဟုတ်လား.."
ရိပ် မေးတာကို ဝဏ္ဏထင် ခေါ်..ထင်က..ခေါင်းညိတ်ပြီး..၊
"ဟုတ်တယ် သဘောမကျလို့လား.."
"မဟုတ်ပါဘူး "
"ဒါဆို အကြောင်းပြန်လိုက်မယ်.တိုက်လာခဲ့မယ်လို့ပြောတယ်"
"ဘာ..ဒီကို လာမယ် မနက်ဖြန်မှမဟုတ်ဘူးလား"
"မဟုတ်ဘူး မင်းခေါင်းညိတ်တာနဲ့စာချုပ် ချုပ်ဖို့ လာခဲ့မယ် တဲ့ "
"ခုချက်ချင်းလား.."
"အင်း.မင်း စိတ်ပြောင်းသွားမှာစိုးလို့ထင်တယ်.တစ်ခါမှ ကိုယ်တိုင်လာတာမဟုတ်ဘဲနဲ့ ခုမှထူးဆန်းနေတယ်"
"ရိပ် မအားဘူးလေ ကြေငြာရိုက်စရာ ရှိတယ်.."
"မရှိဘူး ဒီနေ့ မိုးရွာလို့မရိုက်ဘူးလို့ ဖုန်းဆက်ထားတယ်.."
ရိပ်..တံတွေးတချက် မျိုချလိုက်ပြီး..၊
"ရိပ် အိမ်ပြန်ရမယ်ထင်တယ်..နေမကောင်းချင်သလိုမျိုးပဲ.."
"ဟုတ်လား မင်းပုံစံကြည့်ရတာတော့ အဆင်ပြေပါတယ် လက်မှတ်ထိုးရုံပဲ မကြာဘူး..နားနေခန်းမှာ သွားနားနေလိုက်..တိုက် ရောက်ရင် လာခေါ်လိုက်မယ်.."
ရိပ်..မအီမသာ ခေါင်းညိတ်ပြီး..ထွက်လာခဲ့သည်။
နားနေခန်း...၊
"ဒေါက်.. ဒေါက်.. "
တံခါးခေါက်သံကြောင့် ရိပ် ဆက်ခနဲ့ ဖြစ်သွားသည်။
"လာပြီ.."
ရိပ် ဆံပင်တစ်ချက်နှစ်ချက်သပ်ပြီး..တံခါး ဖွင့်လိုက်သည်။
"ရှင်..မင်းတိမ်တိုက်"
တိုက်က..တံခါးရှေ့တွင် ရပ်ပြီး ရိပ်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။
ထို့နောက်.. အခန်းထဲဝင်လာရင်း..နောက်ပြန်တံခါးကို လော့ချလိုက်သည်။"အိုး..ရှင်ဘာလုပ်တာလဲ..ပြောစရာရှိ အပြင်မှာ ပြောရအောင် "
"မပြောချင်ဘူး.."
"ရှင် စာချုပ်ချုပ်ဖို့လာတာမလား စီးအီးအိုရုံးခန်းထဲ သွားရအောင်.."