🌸 ပန်းတစ်ပွင့်ရဲ့ ရာဇဝင် 🌸
====================
Part-2
====="ပန်းတော်ဝင်" စံအိမ်..၊
စတား..စံအိမ်ကြီးကို မမှိတ်မသုန် စိုက်ကြည့်နေသည်မှာ ကြာပြီဖြစ်သည်။
တစ်ခါဆုံဖူးတဲ့မျက်ဝန်းလေးတွေကို သူ ဘယ်လိုမှမေ့မရ..၊ ညက ဘယ်လိုမှ အိပ်မပျော်သဖြင့်..စိတ်အလိုအတိုင်း စတား ခြံရှေ့ကို ရောက်နေတာ..မနက်ကတည်းက.. ၊
ဘယ်လောက်ကြာသွားမှန်း သတိမထားမိပေမယ့်..စတား တစ်ကိုယ်လုံး ညောင်းညာလာရသည်။စတား..ကားထွက်ဖို့ စတီယာရင်ပေါ် လက်တင်လိုက်သည်နဲ့...၊
"ဟင်"
အဖြူအစိမ်း ဝတ်ပြီး စက်ဘီးလေးတွန်း ထွက်လာတဲ့မိန်းကလေး..၊
ဟုတ်ပါသည် သူ မနေ့ညက တွေ့ခဲ့ရတဲ့ မျက်တောင်ရှည်မလေး..၊
စတား မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။ သူမလေးက..ဝင်းဖန့်နေတဲ့ မျက်နှာတွင် သနပ်ခါးပါးကွတ်ကြားလေးနဲ့ ဆံပင်ရှည်တွေကို ကျစ်ဆံမြီး တစ်ဖက်တစ်ခု ကျစ်ချထားသည်။
"ဟားးအထက်တန်း ကျောင်းသူပဲ ရှိသေးတာလား..ဟားဟား.. "
စတား ကားကိုဘီးလိမ့်ရုံမောင်းပြီး..ကြိုး စက်ဘီးနောက်ကို လိုက်နေခဲ့သည်။
"မင်းနဲ့ကျမှ ကျောင်းသူတောင် အလွှတ်မပေးတဲ့လူက ကိုယ်ဖြစ်နေရပြီ"
စတား မျက်နှာက မှိုရသလိုပြုံးနေခဲ့သည်။သို့ပေမယ့်..ကားတစ်စီးဖြတ်အလာတွင်...၊
"အားး.."
အော်သံလေးနဲ့အတူ ကြိုး စက်ဘီးပေါ်က ပြုတ်ကျသွားသည်။ စတား ချက်ချင်းကားရပ်လိုက်ကာ..ပြေးလာခဲ့သည်။
"ရလား ကိုယ့်လက်ဆွဲလိုက်"
စတား လက်ကမ်းပေးပေမယ့်..ကြိုးက စတားလက်ကို မဆွဲပဲ သူ့ဖာသာ ကုန်းရုန်းထသည်။
"ရပါတယ် "
"မင်းဘယ်နား နာသွားသေးလဲ.."
ကြိုးက ပေသွားတဲ့ဖုန်မှုန့်အနည်းငယ်ကို ခါချရင်း..ခေါင်းခါသည်။
"ဟင့်အင်း မနာပါဘူး.."
စတား စက်ဘီးကို ဆွဲထူလိုက်ပြီး..၊