Part -18

1K 27 1
                                    

🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-18
======

၃နှစ်ခန့်ကြာပြီးနောက်...၊

"ကျွန်မက ချစ်ရေးရေးရိပ်ပါ..တစ်နေ့တာလုံး လန်းဆန်းတတ်ကြွနေဖို့ ကျွန်မကတော့ စူပရာဒင်းအားဆေးကို နေ့တိုင်း သောက်တယ် ပရိတ်သတ်တို့ရော..သောက်ပြီးပြီလား..မသောက်ရသေးရင် သောက်ကြည့်လိုက်နော် ဖျက်.."

ရိပ်က တောက်ပစွာပြုံးနေပြီး..မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

"ကဒ်... "

ဒါရိုက်တာ..အော်သံအပြီးတွင် လက်ခုပ်သံတွေထွက်ပေါ်လာသည်။

"ဖြောင်း..ဖြောင်း..ကောင်းတယ် မင်းလုပ်တာ ပြီးပြည့်စုံတယ် ရိပ်.."

ရိပ်က ခေါင်းညွတ်အရိုအသေပြုပြီး..၊

"ကျေးဇူးတင်ပါတယ် အင်တာဗျူး.ရှိလို့ အရင်သွားလိုက်ပါဦးမယ်"

ရိပ်က..သူမရဲ့ မန်နေဂျာ လီလီနဲ့အတူ ကြေငြာရိုက်ကွင်းပြီးသည်နဲ့ ထွက်ခွာသွားသည်။

ဒါရိုက်တာ ဦးမင်း ဘေးက လက်ထောက်ဒါရိုက်တာ..ဇော်မင်းက ထွက်ခွာသွားတဲ့
ရိပ်နောက်ကျောကိုကြည့်ပြီး၊

"ချစ်ရေးရေးရိပ်က..ခုမှ ပိုလှလာသလိုနော်.."

"အင်း သရုပ်ဆောင်လည်း ပိုကောင်းလာတယ်.."

"ဟုတ်တယ် ကျွန်တော် ထောက်ခံတယ်.ကောင်းဆို..သူက ကိုးရီးယားကို အနုပညာကျောင်းသွားတက်​​ပြီးပြန်လာတာဆို ဟုတ်လား
"အဲ့လို ပြောကြတာပဲ.."

🌸🌸🌸🌸🌸🌸🌸🌸🌸🌸

"နာမည်လေးနဲ့ မိတ်ဆက်ပေးပါဦး.."

"ဟုတ်ကဲ့ရှင့်..ရိပ်က..ချစ်ရေးရေးရိပ်ပါ.. "

"အနုပညာလောကထဲကို ဘယ်လိုဝင်လာခဲ့တာလဲ.."

ရိပ်က ပုခုံးထိ ပျော့စင်းနေတဲ့ဆံပင်ကို နားရွက်နောက်ကို တွန်းတင်လိုက်ရင်း..၊

"လွန်ခဲ့တဲ့ သုံးနှစ်ကပေါ့ ရိပ် ကြေငြာရိုက်ဖို့ ကမ်းလှမ်းခံရတာ ပြီးတော့ သီချင်းခွေမှာသရုပ်ဆောင်ဖို့ပေါ့ အဲလိုမျိုးနဲ့ပဲ..စတင်ဝင်ရောက်လာခဲ့တာပါ.."

"ဟုတ်မှာပေါ့ ရိပ်က အရမ်းလှတော့ ကျွန်မမှာ အေဂျင်စီရှိရင် ချက်ချင်းခေါ်တယ် ဒါနဲ့ ပျောက်နေပြီး ခုမှပေါ်လာတဲ့အကြောင်းရင်းက.."

ပန်းတစ်ပွင့်ရဲ့ရာဇဝင် Where stories live. Discover now