🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-29
======"အင်း..မေမေ..အဆင်ပြေတယ် "
ဒေါ်ထားငယ် ဖုန်းကနေ video call ပြောနေခြင်း ဖြစ်သည်။
"ကြိုးလေးရော အဆင်ပြေလား "
ထိုစဉ်... ၊
ဟိုတယ်ခန်းထဲသို့ ကြိုးဝင်ရောက်လာသည်။ကြိုးက လက်ကိုင်အိတ်ကို မှန်တင်ခုံပေါ် တင်လိုက်ရင်း..၊
"ဘယ်သူလဲ မေမေ"
ဒေါ်ထားငယ်က..ဖုန်းကို လှည့်ပြပြီး..၊
"ဘယ်သူလဲ လာကြည့်လေ.."
ကြိုး အပေါ်အင်္ကျီချွတ်လိုက်ပြီး..လာကြည့်သည်။ဖုန်းထဲတွင် သွားလေးတွေအကုန်ပေါ်အောင် ရယ်နေသော တကယ့် ချစ်ရေးရေးရိပ် အစစ်၊
"ရိပ်လေး.."
"မမက နေနိုင်လိုက်တာ..ပြန်သွားတာ ဘယ်လောက်တောင် ရှိနေပြီလဲ တစ်ခါတောင် ပြန်မလာဘူး ခုတော့ မေမေကိုပါ ပြန်မလွှတ်တော့ဘူးပေါ့ဟုတ်လား.."
ကြိုးက ဒေါ်ထားငယ်လေးဆီက ဖုန်းကို ယူလိုက်ပြီး..၊
"ငါ အိမ်တစ်လုံးဝယ်ထားပြီးပြီ နောက်လဆိုရင် နင်ပြန်လာခဲ့တော့ မေမေနဲ့ပြောင်းနေကြ"
"မမရော "
"ငါလား ဦးတိုက် သဘောတူရင်..လာမှာပေါ့ "
"အောင်မာ မေမေကြည့် မေမေသမီး ယောက်ျားကို ကြောက်နေတာ "
ရိပ် လှမ်းတိုင်တာကို ဒေါ်ထားငယ်က သဘောကျစွာ ရယ်မောသည်။
"ငါ့သမက်က သိတတ်ပါတယ်.."
"ဟော့ဟော့ မေမေပါ သမက်ဖက်ပါသွားပြီ မရဘူး မရဘူး ရိပ် လာမှရတော့မယ်.."
"ခစ်ခစ် "
ရိပ်လေးက သူ့အကျင့်အတိုင်း ဆံပင်လေး သပ်တင်ရင်း..၊
"မမပျော်နေတာ မြင်ရတော့ စိတ်ချမ်းသာလိုက်တာ.."
"ငါကလား.."
"အင်း အမြဲတမ်း ဟန်ဆောင်မျက်နှာဖုံးတပ်နေရတော့ ဖြူစင်တဲ့ အပြုံးတောင်မရှိတော့ဘူးထင်တာ.."
"ငါပျော်နေတာတွေ အားလုံးက နင့်ကြောင့်ပါပဲ ရိပ်လေးရယ်..အမြဲကျေးဇူးတင်နေမှာပါ.."