🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
===================
Part-17
======Sky ဟိုတယ်၊
တိုက်..ဟိုတယ်ထဲဝင်လိုက်သည်နဲ့..ဖုန်းဝင်လာသည်။
"ဟဲလို "
"ဦးတိုက်..ကြိုး ၇နာရီ ဆို ကျူရှင်ပြီးမှာ လာကြိုမှာမလား.."
"လာကြိုမယ် "
"ကျူရှင်ကို မလာခဲ့နဲ့..ကားဂိတ်က စောင့်နေမယ်.. "
"အင်းပါ ကျောင်းမဆင်းသေးရင် ကိုယ်စောင့်မယ် "
"ဟုတ်ကဲ့ ဦးတိုက်ကို ချစ်တယ် "
"ကိုယ်ရောပဲ ချစ်တယ် "
တိုက် ဖုန်းချလိုက်သည်နဲ့ပုံရိပ်တစ်ခုက မျက်လုံးထဲ တိုးဝင်လာသည်။
"ရဲရင့်ရာဇာ.."
ရဲရင့်က ဘယ်အချိန်ကတည်းက ရပ်ကြည့်နေမှန်းမသိပဲ မှန်နံရံတွင်ရပ်ပြီး..တိုက်ဖုန်းပြောနေတာကိုကြည့်နေသည်။
"ရဲရင့် မင်း.ဘာလာလုပ်တာလဲ "
"ဘာလဲ..ရဲရင့်က ဟိုတယ်ကို လာပြီး ညစာစားလို့မရလား ရဲရင့်က..VVIPပါ "
တိုက် ဘာမှမပြောတော့ပဲ ဓာတ်လှေကားထဲ ဝင်လိုက်သည်။ရဲရင့်လည်း အတူ လိုက်ဝင်ကာ..တံခါးပိတ်သွားသည်နဲ့ တိုက်ရှေ့ပိတ်ရပ်လိုက်သည်။
"ရဲရင့် ရှင့်ကို ချစ်တယ်.."
"ငါ့မှာ ချစ်သူရှိတယ်.. "
"ကိစ္စမရှိဘူး ရဲရင့်လက်ခံနိုင်တယ်.."
"ဘာကိုလဲ မင်းဘာပြောနေမှန်း ငါ နားမလည်ဘူး"
"ရှင် ရည်းစားထားလို့ရတယ် ဒါပေမယ့် ရဲရင့်ကို လက်ထပ်ရမယ် လက်ထပ်ပြီးလည်း ရှင့်ချစ်သူကို ဖြတ်စရာမလိုဘူး.."
"ဘာ..မင်းရူးနေပြီလား ပြောသင့် မပြောသင့် မသိဘူးလား "
"မသိဘူး..ရှင့်ကြောင့် ကျွန်မ ရူးနေပြီ.."
ရဲရင့်က ပြောပြီး တိုက်ပုခုံးကို ကိုင်ပြီး တိုက်နှုတ်ခမ်းကို မော့နမ်းလိုက်သည်။သို့သော်..တိုက်..ရဲရင့်ကိုယ့်ကို တွန်းချလိုက်သည်။
"အား.."
ရဲရင့် ဓာတ်လှေကားနံရံနဲ့ဆောင့်မိပြီး ခွေလဲကျသွားရသည်။