🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-23
======"မင်းသမီး ချစ်ရေးရေးရိပ် လက်ထပ်တော့မယ်တဲ့.."
ထိုသတင်းက တစ်နိုင်လုံးကို ပြန့်နှံ့သွားသည်။
ချစ်ရေးရေးရိပ် မင်္ဂလာပွဲ သတင်းက တီဗွီ ၊ ကြော်ငြာ၊ သတင်းစာ၊ဂျာနယ် ပါမကျန် ဂုဏ်ပြုစာတွေ ပေးပို့ကြသည်။
"ဘုတ် "
ထိပ်ထား ဂျာနယ်ကို ပစ်ချလိုက်သည်။ ဂျာနယ်ထိပ်စီးကနေ ပါလာတဲ့ ရိပ်ရဲ့မင်္ဂလာသတင်းက ထိပ်ထားအတွက်တော့ နည်းနည်းလေးမှ ကျေနပ်ဖွယ်မရှိ။
ထိုစဉ်... ၊
စတားက ထွက်လာသည်။ စတားက ချောမောသန့်ပြန့်နေပေမယ့် တိုက်နဲ့ယှဉ်ကြည့်ပြီး မကျေနပ်ချင်။
"စတား ဘယ်လဲ.."
"အလုပ်ကိုပေါ့.."
"ထိပ်ထားကို လမ်းကြုံပို့ပေးခဲ့"
"မင်းမှာ ကားရှိနေတာပဲ.."
"ထိပ်ထားက ရှင့်မိန်းမပါ ဒါလေးတောင် မလုပ်ပေးနိုင်ဘူးလား.."
"ကောင်းပြီ လိုက်ပို့ပေးမယ် ဒါပေမဲ့ နေ့တိုင်း မဟုတ်ဘူးနော် "
"ရှင့်ကိုလည်း နေ့တိုင်းမပို့ခိုင်းပါဘူး.."
ထိပ်ထား ပြောပြီး စတားလက်မောင်းကို လှမ်းချိတ်လိုက်သည်။
"ညစာ ထိပ်ထားတို့ အပြင်ထွက်စားရအောင် "
🌸🌸🌸🌸🌸🌸🌸🌸
"မဏိစန္ဒာ "ရတနာဆိုင်၊
"ကြိုဆိုပါတယ် "
အရောင်းဝန်ထမ်းတွေက တိုက်နဲ့ရိပ်ကို မြင်သည်နဲ့ ခေါင်းညွတ်နှုတ်ဆက်ကြသည်။
"ဦးတိုက်.."
"ဗျာ "
"ဘာလို့ ရတနာဆိုင်ကို ခေါ်လာတာလဲ.."
"မင်းကြိုက်တဲ့ ရတနာရွေးလိုက် မင်္ဂလာဦးလက်ဆောင်အဖြစ် လက်ဝတ်ရတနာ ၇စုံပေးမယ်.."
"အယ်.. တကယ်ကြီးလား ရိပ်မှာရှိပါတယ်.."
"မင်းမှာ ရှိလားမေးနေတာမှ မဟုတ်တာ လက်ဆောင်ပေးမယ် ပြောနေတာ သူ့ကို နောက်ဆုံးထွက်တဲ့ဒီဇိုင်းအသစ်တွေ ပြလိုက်ပါ.."