Part -6

780 21 0
                                    

🌸 ပန်းတစ်ပွင့်ရဲ့ ရာဇဝင် 🌸
====================
Part-6
=====

"ဝါးးး... "

ကြိုး..တစ်ချက်သမ်းလိုက်ပြီး..ထထိုင်လိုက်သည်။

"ဟင် "

သူမ ဒီအိမ်မှာပဲ ရှိသေးတာလား..၊ ဘယ်လိုဖြစ်ပြီး..၊
ကြိုး အတွေးမဆုံးလိုက်ပဲ တံခါးဝတွင် အိပ်ပျော်သွားတာ သတိရသွားသည်။

ကြိုး အခန်းပြင်ထွက်လာရင်း..တစ်အိမ်လုံး တိတ်ဆိတ်နေတာ တွေ့လိုက်သည်။

"တစ်ယောက်မှမရှိကြဘူးလား.."

ပြန်ဖြေသံမကြားရဘဲ အိမ်က ပကတိတိတ်ဆိတ်နေသည်။ဟိုလူဂွစာ..ပြန်လာရင် ကြိုးကို တွေ့ရင် ဘာပြောဦးမယ်မသိ..၊ အဖျားလည်းကျသွားသလို အိပ်ရေးလည်း ဝသွားပြီမို့ ကြိုးတစ်ကိုယ်လုံး လန်းဆန်းနေသည်။

"ကလင်..ကလင် "

ကြိုးတွေးနေတုန်းမှာ မြည်ပြီးပြန်ကျသွားသည်။ကြိုးအတွေးထဲသို့..အကြံတစ်ခု ဖျက်ခနဲ့ ရောက်လာသည်။

"အိမ်ကို ဖုန်းဆက်ရမယ်.."

ကြိုး အတွေးနဲ့အတူ ပန်းတော်ဝင်စံအိမ်ကို ဖုန်းခေါ်လိုက်သည်။
ခဏအကြာတွင်... ၊

"ဟဲလို "

အသံက ကြီးစိန်အသံ၊ကြိုး..တံတွေး တချက်မြိုချလိုက်ပြီး..၊

"ကြီးစိန် "

"ကလေး ကြိုးလေး..ဘယ်ရောက်နေတာလဲ ခု ဘယ်မှာလဲ..ထိခိုက်မိသေးလား"

"ကြိုး ဘာမှ မဖြစ်ပါဘူး ကြီးစိန် အိမ်မှာ ဘယ်လို အခြေအနေလဲဟင်"

"သူဌေး ရောက်နေပြီ ကလေး..၊မြန်မြန်လာခဲ့တော့..သူဌေး ကလေးကို လိုက်ရှာနေတာနှံ့နေပြီ.."

"ဒယ်ဒီ..ဒယ်ဒီရောက်နေပြီ ဟုတ်လားဟင် ကြီးစိန် "

"အင်းပါဆို မြန်မြန်လာခဲ့တော့.."

"ဟုတ်ကဲ့ ကြီးစိန် ကြိုး ခုပဲ လာခဲ့မယ် "

ကြိုး ဖုန်းချလိုက်ပြီး..ဝမ်းသာစွာ ပြုံးလိုက်သည်။

"ခုအချိန် ငါထွက်သွားရင် ကျေးဇူးကန်းသလိုပေမယ့် ငါထွက်သွားရမယ်"

"ဂြီဂြီ.."

ကြိုး..အိမ်ပြန်ဖို့စဉ်းစားလိုက်ပေမယ့်..ဗိုက်က တဂွီဂွီဖြစ်နေသည်။

ပန်းတစ်ပွင့်ရဲ့ရာဇဝင် Where stories live. Discover now