🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-30 final
==========ဆေးရုံ ၊
တိုက် အိပ်ပျော်နေတဲ့ ကြိုးလက်လေးကို ဆုပ်ကိုင်ထားသည်။
ကိုင်ထားတဲ့လက်လေး လှုပ်သွားသည်နဲ့ တိုက် ဝမ်းသာအားရ ခေါ်လိုက်သည်။"ကြိုးလေး မင်း နိုးလာပြီလား.."
ကြိုး နှုတ်ခမ်းလေးမဲ့သွားပြီး မျက်ရည်ရစ်သိုင်းလာသည်။
တိုက်က ကြိုးမျက်ရည်စတွေကို ဖွဖွလေးသုတ်ပေးပြီး..၊"မင်း အမှားမဟုတ်ဘူး "
"ဒါပေမဲ့ စတားက..ကြိုးကြောင့် "
"မင်းငိုလို့ရတယ် ဒါပေမဲ့ မင်းကြောင့်ဆိုတဲ့ တယူသန်မစွဲပါနဲ့.."
"ဦးတိုက် ဘယ်လိုရောက်လာတာလဲဟင်.."
"မင်း ထွက်သွားတဲ့ ကားသံကြားတာနဲ့ ကိုယ်လိုက်လာခဲ့တာ..မြို့ထဲမှာလည်းကားတိုက်မှုဖြစ်နေလို့မြို့ထဲ ၁၀မိနစ်လောက်ပဲ နောက်ကျသွားတာ..အဲဒီ ၁၀မိနစ်ကပဲ ဘဝတွေကိုပြောင်းလဲပစ်လိုက်တာ.."
"စတား ခေါင်းတစ်ခုလုံးကြေမွပြီး.."
"တော်ပြီ လူဆိုတာ သေမျိုးပဲ သူမင်းကို ကယ်လိုက်တာ သူ့အတွက် ဂုဏ်ယူပေးလိုက်ပါ"
"မမရောဟင်.."
"သူက သူ့အပြစ်အတွက် အပြစ်ခံရမှာပဲ ဝတီလေးအမှုလည်း ကိုယ်မဖွင့်ရင်တောင် အစိုးရက လိုက်မှာမို့.."
"ဒါ..ဒါဆို "
"အင်း..သူအပြစ်ဒဏ်ပဲလေ.ခုတော့ စိတ်ကယောင်ကချားဖြစ်နေလို့ စိတ္တဇဆေးရုံမှာ ပိတ်လှောင်ထားရတယ်.."
"ဟင် "
"အစကတည်းက သူ စိတ်ပုံမှန်မဟုတ်ဘူး သူ့ရှေ့မှာစတားတစ်ယောက်လုံး ပုံပျက်ပန်းပျက် သေသွားတော့ စိတ်မထိန်းနိုင်ပဲ တကယ်ရူးသွားခဲ့ပြီ.."
"မမရေ ဟင့်ဟင့်.."
ကိုယ့်ကို ဘယ်လောက်ပဲ မကောင်းကြံကြံ၊သူများအတွက် အမြဲတမ်းသနားတတ်တဲ့ ကြိုးလေးရဲ့စိတ်ကတော့ ဖြူစင်နေမှာပဲဖြစ်သည်။
တိုက် ကြိုးကိုယ်လေးကိုဖက်ပြီး ကျောလေးကိုပုတ်လိုက်သည်။