Part -9

1K 29 0
                                    

🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-9
=====

"တိုက်.."

ထိုအသံက ကြိုးဆီက မဟုတ်ဘဲ ရဲရင့်ဆီက ထွက်လာခြင်းဖြစ်သည်။
တိုက်..ကြိုးကို ဆွဲယူပြီး ပြန် မတ်တပ်ရပ်စေသည်။ကြိုးကတော့ ဘာမှမပြောနိုင်ဘဲ တိုက်ကို ငေးကြည့်နေမိသည်။ တိုက်အကြည့်တို့..ကြိုးရဲ့ ရင်ဖက်မို့မို့နဲ့လက်မောင်းသားဝင်းဝင်းဆီ ရောက်သွားချိန်မှာတော့...၊

"အို.. ရှင် ဘာကြည့်တာလဲ.."

တိုက် အကြည့်လွဲပြီး..အပေါ်ကုတ်အင်္ကျီကိုချွတ်ဖို့ ဟန်ပြင်လိုက်သည်။
သို့သော်.. ကြိုးကိုယ်ပေါ်ကို..အနက်ရောင်ကုတ်အင်္ကျီတစ်ထည်လွှမ်းမိုးလာပြီး..၊

"ညီမလေး ရရဲ့လား.."

စတားက ကြိုးပုခုံးလေးကနေဆုပ်ကိုင်ပြီး..ခေါ်ဆောင်သွားသည်။ ကြိုး တိုက်ကို ပြန်လှည့်ကြည့်သည်။ တိုက်ကလည်း..စတားနဲ့ကြိုးကို မျက်မှောင်ကုတ်ပြီး စိုက်ကြည့်နေခဲ့သည်။

"တိုက်"

ခေါ်သံနဲ့အတူ ရှေ့ကို ရဲရင့် ရောက်လာသည်။

"ရဲရင့်ရာဇာ.."

"အဟင်း ရဲရင့်က ရှင် မလာဘူးထင်ပြီး..တစ်ယောက်တည်းထွက်လာခဲ့တာ.."

တိုက် အကြည့်တို့က..စိမ်းသက်နေသည်။ရဲရင့်က ထိုအကြည့်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ..၊

"ခုနက ကိစ္စကလေ ရဲရင့်ရှင်းပြပါရစေ.."

"မလိုပါဘူး အဲလောက်အရေးမပါဘူး.."

"ရှင် "

တိုက် စားပွဲတွေဖက်လျောက်သွားတော့ ရဲရင့်က တိုက်နောက်ကို တကောက်ကောက်လိုက်လာသည်။
တိုက်နဲ့ ရဲရင့်ကို လူကြီးတွေသဘောတူထားကြသည်။ရဲရင့်ကတော့ တိုက်ကို မြင်တာနဲ့ သဘောကျသွားရကာ တိုက်ဖက်က ခေါင်းခါနေခဲ့တာတောင် အပြုံးမပျက် အနားကပ်နေဆဲ။

"ဝိုင်သောက်မလား တိုက်.."

တိုက် ကမ်းပေးတဲ့ ဝိုင်ခွက်ကိုကြည့်ပြီး ခေါင်းခါလိုက်သည်။

"ဝိုင်အနီ မသောက်ဘူး.."

"ဟင် ဘာလို့လဲ.."

"မိန်းမဆန်လို့ .."

ပန်းတစ်ပွင့်ရဲ့ရာဇဝင် Where stories live. Discover now