🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
===================
Part-22
======True အေဂျင်စီ ၊
"ရိပ် ဒါက ဇာတ်ညွန်းနော်..ခဏနေ ရိုက်ကွင်းသွားရတော့မှာမို့ လေ့ကျင့်နေ.."
"အင်း.."
ရိပ် စားပွဲဝိုင်းတွင် ဝင်ထိုင်ပြီး ခေါင်းညိတ်လိုက်တော့ လီလီက ကုမ္ပဏီထဲ ဝင်သွားသည်။
ထိုစဉ်.. ၊
"ကြိုး ကြိုးလေး.."
ခေါ်သံနဲ့အတူ ဒေါ်ထိပ်တင် ရိပ်ရှေ့လာရပ်သည်။
ရိပ်က..ဒေါ်ထိပ်တင်ကို မမြင်ဖူးသလို မော့ကြည့်ပြီး..၊"ရိပ်ကို ခေါ်တာလား ဘယ်သူလဲမသိဘူး.."
ဒေါ်ထိပ်တင် ရိပ်ကို မျက်ရည်ပြည့်နေသော အကြည့်ဖြင့် ငေးကြည့်ပြီး.. ၊
"တကယ် အသက်ရှင်နေတာပဲ..သမီးငယ် မာမီပါ.. "
လာဆုပ်ကိုင်သည့် လက်ကို ရိပ် ဆွဲယူလိုက်ပြီး..၊
"လူမှားနေတယ် ထင်တယ် ရိပ် အန်တီကို မသိဘူး.."
"မာမီ အကုန်သိပြီးပါပြီ..ထိပ်ထားပြောတယ် သမီးက ကြိုးလေးဆိုတာ.."
ရိပ် နှုတ်ခမ်းလေးမဲ့သွားသည်။
"ထိပ်ထား ဆိုတာ ဟိုတစ်ခါ လှေကားပေါ်ကပြုတ်ကျတဲ့တစ်ယောက် ထင်တယ်.."
"ဟုတ်တယ် "
"ဒါဆို သူရော အန်တီရော မှားနေတာပါ..ရိပ်က..ပန်းကကြိုး မဟုတ်ဘူး သူလူမှားပြီး ရိပ်ကို လာစော်ကားသွားပြီးပြီ ဒီတစ်ခါ အန်တီလား.."
"မဟုတ်ပါဘူး မာမီက သမီးကို ဘာလို့စော်ကားရမှာလဲ မာမီပါ မမှတ်မိဘူးလားဟင်.."
"ဟင့်အင်း အန်တီ ဘာပြောနေမှန်း နားမလည်ဘူး ရိပ်မှာ မေမေရှိပါတယ်..ပြီးတော့ အန်တီသမီးကို သိပ်မယုံနဲ့ ဆောရီးနော် နည်းနည်း ခေါင်းမကောင်းသလိုဘဲ ရိပ်ကိုလည်း ပန်းကကြိုးဆိုပြီး လာစွပ်စွဲပြီး..နင် သေရမယ် အဲလိုမျိုး လာပြောတာ "
"ဟင် "
ဒေါ်ထိပ်တင် အံသြသွားတာကို ကြည့်ပြီး ရိပ်က ခေါင်းညိတ်သည်။
"အန်တီကိုလည်း သူ ပြောလိုက်တာမလား..အဟွန်း အန်တီကိုပဲပြောလိုက်ပါရစေ.သူ ဆေးရုံထိ လာပြီးနှောင့်ယှက်တာ.ရိပ် နောက်ဆို သည်းခံမှာမဟုတ်ဘူး..အန်တီသမီးကို ထိန်းပါ.."