Part -12

771 24 1
                                    

🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-12
======

"ဖြောင်း.."

"အားး..အု"

ခွဆုံကို အကန်ခံလိုက်တာကြောင့် တိုက် နာကျင်စွာ အော်ပြီး တခုန်ခုန် ကျန်ခဲ့သည်။

"ကြိုး ပန်းကကြိုး နေဦးလေ.."

ကြိုး ဆံပင်လေးတွေ ဝဲခါနေအောင်ထိ မျက်စောင်းထိုးပြီး ပြေးထွက်သည်။

ထိုစဉ်... ၊
ရောင်နီ..ရောက်လာပြီး..ရူံ့မဲ့နာကျင်နေသော တိုက်ကို တွေ့သွားရသည်။

"သူဌေး ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား ဘာလို့ကိုယ့်ဟာကို ကိုင်ပြီး.."

"ဟေ့ကောင်.. "

"ဆောရီး ကျွန်တော် ဆရာဝန် ဖုန်းဆက်လိုက်ရမလား "

"မလိုဘူး "

တိုက် နံရံကို ကိုင်ပြီး တဖြည်းဖြည်း ထရပ်သည်။ ထို့နောက်.. ၊

"သွားမယ်.."

"ပန်းကကြိုး လုပ်လိုက်တာမလား..ကျွန်တော် တစ်ခုခုလုပ်လိုက်ရမလား.."

"ရတယ် ငါလုပ်လိုက်လို့..သူပြန်လုပ်လိုက်တာ.."

"သူဌေးက ဘာလုပ်လိုက်တာလဲ.."

"အဟွန်း... "

တိုက်က မဖြေဘဲ ပြုံးစိစိနဲ့ ထွက်ခွာသွားသည်။ရောင်နီက တိုက်တစ်ခါမှ ပြုံးရယ်တာမမြင်ဖူးတာမို့ မျက်နှာရှေ့ပြူးပြဲလာကြည့်သည်။

"ဘာဖြစ်နေတာလဲ "

"သူဌေး အီစလံဝေသွားတာတောင် ပြုံးနေနိုင်တယ်ဆိုတော့..မဟုတ်မှလွဲရော.."

တိုက်က ရောင်နီဖွင့်ပေးတဲ့ တံခါးကနေ ရုံးခန်းထဲ ဝင်လိုက်ပြီး.. ၊

"ဘာလဲ "

"နမ်းလိုက်တယ်မလား.."

တိုက် တအံတသြ နောက်ပြန်လှည့်ကာ...၊

"မင်း ဘယ်လိုသိတာလဲ.."

တိုက်ပြန်မေးတော့ ရောင်နီက..တိုက်ထက်  ပိုအံသြသွားရကာ...၊ံ

"ဟားးး.. တကယ်ပဲ နမ်းလိုက်တယ်ပေါ့ ပြောသာပြောလိုက်ပေမယ့် တကယ်မထင်ထားဘူး မုန်းတယ်မုန်းတယ် ပြောနေပြီး တကယ်အရှက်မရှိဘူးဘဲ.သူဌေးက "

ပန်းတစ်ပွင့်ရဲ့ရာဇဝင် Where stories live. Discover now