🌸 ပန်းတစ်ပွင့်ရဲ့ ရာဇဝင် 🌸
====================
Part-8
====="ညီမလေး "
ကြိုး နောက်ကခေါ်သံကြောင့် လှည့်ကြည့်သည်။
"စတား.."
စတားက..နဖူးနားဝဲကျနေသည့်ဆံပင်ကို သပ်တင်လိုက်ပြီး.. ပြုံးသည်။
"တကယ် မင်းပဲ..မင်းလားဆိုပြီး ကိုယ်ကားပေါ်ကြည့်နေတာကြာပြီ"
"ဘာလို့လဲ "
"မင်း နိုင်ငံခြား ပညာသင်ဖို့သွားတယ်လို့ ကိုယ်သိထားတာ ကိုယ့်ကို တစ်ခွန်းမှ မပြောပဲ ထွက်သွားတာပဲ"
"အဟင်း.. "
ကြိုးက တိုးတိုးလေး ရယ်သည်။
"မင်း ပိုလှလာတာပဲ"
"ဟုတ်လား "
"အရင်တုန်းက မင်းက အရမ်းဖြူစင်ပြီးချစ်ဖို့ကောင်းတယ် ခုတော့ လူကြီးဆန်လာပြီးလှလာတယ်.."
ကြိုးက မျက်ခုံးလေးပင့်ပြီး ခေါင်းညိတ်ပေမယ့်..ဘာမှမပြော။
စတားက အရင်လိုမျိုး ချောမောစွာခေတ်မီနေဆဲဖြစ်သည်။
စတားက ကြိုးလက်ထဲက အသီးထုတ်ကို ငုံ့ကြည့်ပြီး..၊"စျေးကပြန်လာတာလား.."
"အင်း "
ကြိုးက စတားကိုမော့ကြည့်ပြီး ခေါင်းညိတ်သည်။ကြိုး မျက်ဝန်းတွေက အရင်လို ကြောက်ရွံ့တဲ့အရိပ်အယောင် မတွေ့ရပဲတည်ငြိမ်နေသည်။
"ကိုယ်..မင်းကို အရင်လို ချစ်တုန်းပဲ ညီမလေး မင်းကို မေ့မရခဲ့ဘူး"
"ဟင် "
"ဒါကြောင့် ကိုယ့်ကို စဉ်းစားပေးပါ ကိုယ် မင်းကို ချစ်တယ် "
"ကြိုးမှာ အဖြေမရှိဘူးဆိုရင်ရော.."
"ရှိလာတဲ့အထိ စောင့်ရမှာပေါ့.."
"အိမ်နား ရောက်နေပြီ..ရှင် လိုက်နေဦးမလား.."
"အင်း မင်းခြံထဲဝင်တာထိ ကြည့်ချင်တယ်.."
"အဟင်း.သဘောပဲ. "
ကြိုး ပြုံးလိုက်သည်။သူမကို မုန်းတဲ့လူပဲရှိတာလို့ ထင်ခဲ့ပေမယ့် ချစ်မယ့်လူလဲ ရှိသေးတာပဲ...၊