🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-21
======"သမီး ဘယ်ကိုသွားနေတာလဲ..မာမီဖြင့် စိတ်ပူလိုက်ရတာ.."
ထိပ်ထား ဝင်လာသည်နဲ့ ဒေါ်ထိပ်တင်က..ဆီးကြိုပြောသည်။ထိပ်ထားကနီရဲနေတဲ့လည်ပင်းကို ပွတ်သပ်ပြီး ကုတင်ပေါ်တွင် ဝင်ထိုင်သည်။
"ဘယ်လိုလုပ်ပြီး ရေထဲပစ်ချလိုက်တာတောင် မသေတာလဲ.."
"ဘာပြောတာလဲ သမီး..လိမ္မော်သီးလေးစား ရော့.."
"ဘာတွေ ဘာကျွေးနေတာလဲ ဒီမှာ စိတ်ညစ်ရတဲ့အထဲ "
ဒေါ်ထိပ်တင် လိမ္မော်သီးလေးကိုချပြီး..ထိပ်ထားကို ပြုံးကြည့်သည်။သွေးသားဆိုလို့ ထိပ်ထားတစ်ယောက်ပဲရှိတော့တာမို့ ထိပ်ထား ဘယ်လောက်ဆိုးဆိုး မမုန်းနိုင် ချစ်နေရသည်။
"ဘယ်လိုပြောလိုက်တာလဲ သမီးရယ် မာမီက သမီးလိုချင်တာ အကုန်လုပ်ပေးမှာမို့ မေးတာပေါ့ "
"ဟွန်း.. ထိပ်ထား ခုလောလောဆယ် လူသတ်ချင်နေတယ် မာမီ လူသတ်ပေးနိုင်လို့လားပြော.."
"ဘယ်လို "
ထိပ်ထား လည်ပင်ကို ပွတ်သပ်နေတဲ့ လက်ကို ဖယ်လိုက်သည်။
"ဒီမှာကြည့်..အသက်ရှူရပ်ပြီး သမီးသေတော့မလို့ပဲ စိတ်တိုဖို့ကောင်းလိုက်တာ.."
ဒေါ်ထိပ်တင် ထိပ်ထားလည်ပင်းကို ကြည့်ပြီး မျက်လုံး ပြူးသွားသည် ။
"ဘယ်သူလုပ်တာလဲ ငါ့သမီးကို ဘယ်သူလုပ်တာလဲ.."
"အဟွန့်.."
ထိပ်ထား နှုတ်ခမ်းကို တွန့်လိမ်နေအောင်မဲ့လိုက်သည်။
"ရာရာစစ ငါ့ကိုများ ပြောရဲတယ်..နင်က သေသင့်တဲ့သူမို့..သေတာ "
"ဘယ်သူလဲ "
"ဘယ်သူရမလဲ ပန်းကကြိုးပေါ့.."
"ဟင် ကြိုး..ကြိုးလေးက.."
ဒေါ်ထိပ်တင် အထိတ်ထိတ်အပျာပျာဖြစ်သွားတော့ ထိပ်ထားစကားမှားသွားသဖြင့် လျော့ချလိုက်သည်။
"ကြိုး ကြိုးလေးက..သတင်းရလို့လားဟင်.."
"မာမီကတော့ လုပ်ပြီ..သေသွားပါတယ်ဆို ဘာလို့မယုံတာလဲ..တကတည်း အသက်ရှိတုန်းကတော့ ပစ်ပစ်နှစ်နှစ်မုန်းနေပြီးတော့ သေမှ ချစ်နေလိုက်တာ.."