Part -7

774 24 0
                                    

🌸 ပန်းတစ်ပွင့်ရဲ့ ရာဇဝင် 🌸
====================
Part-7
=====

ရဲစခန်း... ၊

"ဆရာ ကြိုး ဘာမှမသိပါဘူး.."

"ဇွန်လ ၄ရက်နေ့က တောင်ကုန်းလမ်းကို သွားခဲ့တယ်မလား.."

"ဟင် မသွားပါဘူး "

ရဲက..ကြိုးဖက်ကို ကွန်ပျူတာ လှည့်ပြပြီး..၊

"ကျွန်တော်တို့ လမ်း cctv ထဲမှာ ခင်ဗျားကားတွေ့ရပါတယ်.."

တကယ်လည်း ကြိုး မြင်နေရသည်မို့ ဆွံအနေမိသည်။ကားက ဘယ်လိုလုပ် အပြင်ရောက်နေရတာလဲ..၊

"ဒီလိုပါ..တောင်ကုန်းလမ်းမှာ ကားတိုက်ပြေးမှုဖြစ်သွားတယ်..ညဖက်ဖြတ်သမျှ ကားတွေထဲမှာ ခင်ဗျားကားလည်းပါတယ်..အဓိကက ခင်ဗျားကားက တစ်ခုခုကို တိုက်မိထားသလို ပျက်စီးနေတယ်.."

"ရှင် "

"ကားတိုက်မှု ဆိုပေမယ့် အတိုက်ခံရတဲ့ နစ်နာသူက ဒီနေ့ညမှာဆုံးသွားပြီမို့ အမှုက လူသေမှုဖြစ်သွားပါပြီ.."

"ကြိုးကားနဲ့ တိုက်မိခဲ့တာမဟုတ်ပါဘူး..ကြိုး အဲနေ့က အပြင်မထွက်ပါဘူး.."

"ဒါဆို ကားက ဘာလို့ပျက်စီးနေတာလဲ..ပြီးတော့ ည ၅နာရီမှာ ခင်ဗျားကား အိမ်ရာဝန်းထဲကထွက်ပြီး ည ၁၀နာရီမှာ ပြန်ဝင်လာတာ စီစီတီဗွီကနေ ကျွန်တော်တို့ရထားပါပြီ.."

"ရှင် "

"သက်သေအနေအထားအရ တရားခံက ခင်ဗျားကို ညွန်ပြနေပါတယ်.ခင်ဗျားဝန်ခံလိုက်ရင် ကောင်းပါမယ်."

"အိုး ကြိုးလုပ်တာမဟုတ်ပါဘူးဆို..ကြိုးက ဘာလို့..ကားတိုက်ပြီးထွက်ပြေးရမှာလဲ.မဟုတ်ပါဘူးဆိုတာကို ဘယ်လိုတောင် မစာမနာ.ဝန်ခံခိုင်းနေတာလဲ"

"ဒုန်းးး... "

တစ်ဖက်ခုံကို ဒုန်းခနဲ့ထုလိုက်သံကြောင့်..ကြိုး အလန့်တကြား ထရပ်ကာ လှည့်ကြည့်သည်။

"ဟင် လူဂွစာ.."

တိုက်က ကြိုးကို..မုန်းတီးစွာစိုက်ကြည့်ပြီး..တစ်လှမ်းချင်း လျောက်လာသည်။ထို့နောက်.ပြူးကြည့်နေတဲ့.ကြိုး..လည်ပင်းကို ဖျစ်လိုက်သည်။

"မင်းက..ဘာကိုကိုယ်ချင်းစာခိုင်းတာလဲ..မင်းသာ ကိုယ်ချင်းစာပြီး..ဆေးရုံကားကိုခေါ်ခဲ့ရင် ဝတီလေးက သေရမှာမဟုတ်ဘူး.မင်းက ကိုယ်ချင်းစာစိတ် မရှိတဲ့ မိန်းမ."

ပန်းတစ်ပွင့်ရဲ့ရာဇဝင် Where stories live. Discover now