🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
===================
Part-4
====="မငိုပါနဲ့ကလေးရယ်.."
ကြီးစိန်က နီရဲနေတဲ့ကြိုးရဲ့ပါးပြင်လေးကို ရေနွေးအိတ်ကပ်ပေးရင်း..ပြောသည်။ကြိုးကမျက်ရည်မကျတော့ပေမယ့်..မျက်တောင်ဖျားတွေက စိုကပ်နေသေးသည်။
"ကြီးစိန် မာမီက ဘာလို့ ကြိုးကို မုန်းရတာလဲဟင်"
"ဟင် "
ကြီးစိန်က ဘာမှမပြောပဲ..ကြိုးလက်လေးတွေ ဆုပ်ကိုင်သည်။
"ဘယ်လိုဖြစ်ဖြစ်..အမေက အမေနော် မပြစ်မှားရဘူး "
"ကြိုး သိပါတယ် ကြီးစိန်ရဲ့ ဒါပေမယ့် တစ်ခါတစ်လေ ကြိုးက မာမီသမီးအရင်းမဟုတ်ဘူးတောင် ထင်မိတယ် ကြိုးက ကောက်ရလာတဲ့ သမီးလားဟင်.."
"ပေါက်ပေါက်ရှာရှာ ကလေးရဲ့ သမီးရင်းပါ..သူဌေးကတော်က..ကလေးကိုယ်ဝန်နဲ့တုန်းက သူဌေးနဲ့အဆင်မပြေခဲ့လို့ပါ.."
"ထားငယ်လေးက ဘယ်သူလဲ ကြီးစိန်.. "
ရေနွေးအိတ် ကပ်ပေးနေတဲ့ ကြီးစိန်လက် ရပ်သွားရသည်။
"ထားငယ်လေးကို ကလေး ဘယ်လိုသိတာလဲ.."
"ဒယ်ဒီ အရက်သောက်တိုင်း..အမြဲလိုလိုခေါ်တယ်လေ.."
"အော် "
ကြီးစိန်.. ရေနွေးအိတ်ချလိုက်ပြီး..ကြိုးဆံပင်လေးတွေကို ခေါင်းဖြီးပေးသည်။
"ဒါတွေ ကလေး သိစရာမလိုသေးပါဘူး..စာကြိုးစားနော် ဆယ်တန်းကို ဂုဏ်ထူးတွေပါအောင်ဖြေ..ဒါမှ သူဌေးပြန်လာရင် မျက်နှာရမှာ.."
"ဟုတ်ကဲ့ ကြီးစိန်.."
ကြိုး ခေါင်းဖြီးခံနေရင်း စာအုပ်ကောက်ကိုင်လိုက်သည်။
"ဒယ်ဒီ ဘယ်တော့ ပြန်လာမလဲမသိဘူးနော်..ဒယ်ဒီရှိရင် မာမီက အဲလောက်မဆိုးဘူး.."
"ဒါပေါ့ ဒါကြောင့် သူဌေးချစ်အောင် ကလေးက နေရမယ်နော် "
"စိတ်ချ "
ကြိုး..လက်မလေးထောင်ပြီးရယ်လိုက်သည်။ခုနကအရိုက်ခံရတာကို မေ့သွားသလို ကြိုးမျက်နှာလေးက ပကတိ ဖြူစင်နေသည်။