🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
===================
Part-15
======ကြိုး..အိမ်ထဲ ခြေချလိုက်ပြီးမှ မဝင်ဘဲ ခြေစုံရပ်နေမိသည်။
"မဝင်ဘူးလား "
"နှစ်ယောက်တည်း ရှိတာလား.. "
"အိမ်စောင့် ဦးညို ရှိတယ်.."
တိုက် ကြိုးဆီလျောက်လာပြီး..လက်တစ်ဖက်ကို ဆွဲယူသည်။
"ဘာလဲ ကိုယ့်ကို မယုံတာလား "
ကြိုး..နှုတ်ခမ်းလေးစူပြီး မော့ကြည့်သည်။
"ယုံစရာကိုး.."
"ဟားဟားဟား.. "
တိုက် သဘောကျစွာ ရယ်မောလိုက်သည်။ တိုက်ပုံစံက အရင်ကနှင့်မတူဘဲ နုပျိုလန်းဆန်းပျော်ရွှင်နေသည်။
"ဗိုက်ဆာနေပြီလား ခဏထိုင်စောင့်နေ.."
"နည်းနည်း ."
ကြိုးကို ဧည့်ခန်းထဲမှာထိုင်စေပြီး တိုက် မီးဖိုချောင်ထဲ ဝင်သွားသည်။ ကြိုး..ထိုင်နေရာမှ ထပြီး ဓာတ်ပုံတွေချိတ်ထားတဲ့ နံရံဆီလျောက်လာခဲ့သည်။
ဓာတ်ပုံထဲတွင် တိုက်နှင့်ဝတီလေးက ပျော်ရွင်စွာ ရယ်နေကြသည်။ကြိုး..ဝတီလေးပုံကို လက်ဖြင့်ပွတ်သပ်လိုက်သည်။
"တောင်းပန်ပါတယ် ဝတီလေး..ငါ..သူနဲ့ ဒီလိုမျိုး မပျော်ရွှင်သင့်ပေမယ့်..ပျော်နေမိတယ် ငါ့ သူ့အပေါ် ပိုပြီးကောင်းပါမယ်လို့ ကတိပေးပါတယ်.."
"ကြိုး "
တိုက် နောက်ကနေ ကြိုးခါးလေးကို လာဖက်ပြီး ကြိုးပုခုံးလေးတွင် မေးဖျားလေးတင်သည်။
"ကိုယ့်ညီမလေး ချစ်ဖို့ကောင်းတယ်မလား.."
"အင်း ဓာတ်ပုံထဲမှာပဲ မြင်ဖူးပေမယ့် ချစ်ဖို့ကောင်းမှာ သေချာတယ်.."
ကြိုး အဖြေထဲတွင် အပြင်မှာ မတွေ့ဖူးဘူးဆိုတဲ့အဓိပ္ပါယ်ပါနေသဖြင့် တိုက် ပြုံးလိုက်သည်။
"ဝတီလေးက ဒီအိမ်လေးကို သိပ်သဘောကျတယ် ပန်းတွေကိုလည်း..သဘောကျတယ် လာတိုင်း ပန်းတွေခူးပြီးဘုရားပန်းတင်နေကျ.."
"အင်း "
"ဝတီလေး ဒါက ကိုကို့ချစ်သူ လှတယ်မလား..အဟွန်း.. "