🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-3
====="ရှင်..မမ..ဘာပြောလိုက်တာလဲ "
"မွေးနေ့ပွဲ သွားရမယ် အဝတ်သွားလဲ..ငါ့မျက်နှာဖျက်ဖို့တော့ မစဉ်းစားနဲ့ ခေတ်မှီမှီဝတ်လာခဲ့.."
"ဟို..ကြိုး မလိုက်လို့မရဘူးလားဟင်.."
"ဘုတ် "
ထိပ်ထား ကိုင်ထားတဲ့ လက်ကိုင်အိတ်ကို ပစ်ချလိုက်ပြီး..၊
"ဘယ်လိုဖြစ်နေတာလဲ မိကြိုး..ခေါ်ချင်လွန်းလို့ထင်နေတာလား..သွားလဲဆိုသွားလဲလိုက်ပါလား.."
"ဟုတ်ကဲ့.. "
"ကြီးစိန်..ကြိုးကို ကူညီလိုက်ဦး နောက်တစ်ခါထပ်ပြင်ဖို့ မစဉ်းစားနဲ့.ပြီးရင် ငါ့အခန်းထဲ လာခဲ့."
ကြိုးနဲ့ကြီးစိန် ကုပ်ကုပ်လေးအခန်းထဲပြေးဝင်သွားကြသည်။
ဆယ်မိနစ်ခန့်အကြာတွင်...၊
"မမ"
ခေါ်သံနဲ့အတူ ကြိုးက..ထိပ်ထားနား ရောက်လာသည်။
"ဟင် "
ဘာမှပြင်ဆင်မထားပဲနဲ့ကြိုးက..အရုပ်မလေးလိုလှနေသည်။အဖြူရောင် ဇာဂါဝန်လေးက..ဒူးထိရှည်ပြီး..လက်ပြက်လေးဖြစ်သဖြင့်လက်မောင်းသားဝင်းဝင်းတွေက..ဝင်းမွတ်နေကြသည်။
မျက်နှာက ဘာကာလာမှမပါပဲ သနပ်ခါးရည်ကျဲလိမ်းထားပြီး..ကြီးစိန်ခြစ်ပေးလိုက်ပုံပေါ်သော သွားပွတ်တံရာလေးက..ပေါ်နေသည်။ဆံပင်ရှည်ကို ကျောနောက်တွင် ဖြန့်ချထားပြီး ဘီးကုတ်လေးနဲ့သိမ်းထားသဖြင့်..ပြေပျစ်နေသော နဖူးပြေပြေလေးကိုမြင်ရသည်။ဘာမှမဆိုးထားပေမယ့်..ကြိုးနှုတ်ခမ်းလေးတွေက ပန်းရောင်လေးသမ်းကာ တင်းပြည့်နေခဲ့သည်။
"အင်္ကျီက အသစ်ဝယ်ထားတာလား.."
"ဟင့်အင်း ဟိုတစ်ခါ မမ မဝတ်တော့ဘူး ပြောလို့ကြိုးယူထားတာ.."
ကိုယ်နဲ့တုန်းက သိပ်မလှတဲ့ဂါဝန်က..ကြိုးနဲ့ကျတိုင်းချုပ်ထားသလို.သေသပ်လှပနေသည်။
ထိပ်ထားကတော့ အနီရောင်ဂါဝန်ရှည်ကိုဝတ်ထားပြီး..လမ်းလျှောက်လိုက်တိုင်း ရှေ့ကဂါဝန်စမ,ပြီး ဝင့်ဝင့်ကြွားကြွား..၊